ချီဖွေမြို့နယ်၌ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ချီဖွေ ဇွန် ၁၅

ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ချီဖွေမြို့နယ်၌ ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် (၁၀)နာရီတွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေ့ဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်နိုင်က ပြည်နယ်ဝန်ကြီးချုပ် ခရီးစဉ်အတွင်း လမ်းညွှန်မှာကြားချက်များကို ထပ်ဆင့်ရှင်းလင်းရာ ခရိုင်၊ မြို့နယ် ဌာနဆိုင်များအနေဖြင့် မိမိတို့ဌာန အလိုက်ဆောင်ရွက်ရမည့်လုပ်ငန်းများကို စနစ်တကျ စိစစ်တင်ပြသွားရန်၊ ခရိုင်အဆင့်နှင့် လျော်ညီစွာ လုပ်ငန်းများကို စနစ်တကျဆောင်ရွက်သွားရန် သောက်သုံးရေရရှိရေး၊ လမ်းတံတား တည်ဆောက်ရေးလုပ်ငန်းများအား အရည်အသွေးပြည့်မီရေအတွက် သက်ဆိုင်ရာ ဌာနဆိုင်ရာများ အနေဖြင့် စနစ်တကျ စစ်ဆေးဆောင်ရွက်ရန်၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအောင်မြင်ရေးအတွက် ဌာနဆိုင်ရာအားလုံး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရန် ပြောကြားခဲ့သည်။

ယင်းနောက် တက်ရောက်လာသည့် ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက သက်ဆိုင်ရာဌာနအလိုက် လုပ်ငန်းများဆောင်ရွက်ရန် လျာထားမှု များနှင့် ဆောင်ရွက်မည့် လုပ်ငန်းများကို ဆွေးနွေးတင်ပြကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက တင်ပြချက်များပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့‌ကြောင်း သိရသည်။

ယော်ကိ(ပြန်/ဆက်)