နောင်ချို ဇွန် ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက Mobile Libraryစနစ်ဖြင့် ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်ကုန်တင် ကုန်ချရုံးသို့ သွားရောက်၍ သုတ/ရသ စာအုပ် စာစောင်များကို ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ထိုသို့ စာအုပ်စာစောင်များ ငှားရမ်းပေးရာတွင် အလုပ်တာဝန်များ မအားလပ်၍ စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် မြို့နယ်ကုန်တင်ကုန်ချရုံးမှ စာပေချစ်မြတ်နိုးသူ စာဖတ်ပရိသတ်များအတွက် Mobile Library စနစ်ဖြင့်သွားရောက် ငှားရမ်းပေးခဲ့ခြင်းဖြစ်ကြောင်းနှင့် ယနေ့ငှားရမ်းပေးသော စာအုပ်များအား နောက်အပတ် ကြာသပတေးနေ့တွင် ပြန်လည်သိမ်းဆည်းကာ အသစ်ထပ်မံ ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နောင်ချိုမြို့နယ်ရုံးအနေဖြင့် ဌာနဆိုင်ရာအသီးသီးမှ စာပေချစ်မြတ်နိုးသူ ဝန်ထမ်းများနှင့် ရပ်ကွက်များ အတွင်းရှိ စာဖတ်ပရိသတ်ပြည်သူများ စာပေနှင့်အဆက်မပြတ်စေရန်၊ အဆင်ပြေစွာ စာပေဖတ်ရှုနိုင်စေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍ သုတ/ရသ စာအုပ်များကို စာဖတ်ပရိသတ်ရှိရာ ပြည်သူများ လက်ဝယ်အရောက် အပတ်စဉ်တိုင်းသွားရောက် ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
ထွေးငယ်(နောင်ချို၊ ပြန်/ဆက်)