ရေတာရှည်မြို့နယ်၌ မြစိမ်း​ရောင် (ဆီထွက်သီးနှံ)​ စီမံကိန်း ဒုတိယအကြိမ်ရန်ပုံငွေထုတ်ချေး​​ပွဲ အခမ်းအနားကျင်းပ

ရေတာရှည် ​ဇွန် ၁၅

ပဲခူးတိုင်း​​ဒေသကြီး၊​ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်​ ​ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြစိမ်း​ရောင် (ဆီထွက်သီးနှံ) စီမံကိန်းရန်ပုံငွေ ​ချေးငွေပေးအပ်ခြင်း အခမ်းအနားအား​ ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ခေတ္တမြို့နယ်အုပ်ချုပ်​ရေးမှူး ဦးထွန်းထွန်းလင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာန ခေတ္တမြို့နယ်ဦးစီးမှူး ဦးကျော့မောင်မောင်က မြစိမ်း​ရောင်စီမံကိန်း (ဆီထွက်သီးနှံ) ​ချေး​ငွေထုတ်​ပေးခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ဝဲဒေါင့်ကျေးရွာရှိ ဆီထွက်သီးနှံစိုက်ဧက ၁၅၂ ဧကအတွက် တောင်သူ ၇၆ ဦးအား ဆီထွက်သီးနှံများ စိုက်ပျိုးနိုင်​ရေးအတွက် မြစိမ်း​ရောင်စီမံကိန်းရံပုံ​ငွေ ကျပ်သိန်း ၂၀၀ ကိုလည်းကောင်း  ခြုံအင်းကျေးရွာရှိ ဆီထွက်သီးနှံစိုက်ဧက ၁၀၄ ဧကအတွက် တောင်သူ ၄၈ ဦးအား ဆီထွက်သီးနှံများ စိုက်ပျိုးနိုင်​ရေးအတွက်  မြစိမ်း​ရောင်စီမံကိန်းရံပုံ​ငွေ ကျပ်သိန်း ၁၀၀ ကိုလည်းကောင်း  တာဝန်ရှိသူများမှ တောင်သူများ လက်ဝယ်အရောက် ထုတ်​ပေးခဲ့​ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)