ရှမ်းရွာသစ် ဇွန် ၁၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့၌ ဒေသနေပြည်သူများသည် တောင်ယာလုပ်ငန်း၊ လယ်ယာလုပ်ငန်းနှင့်တွဲဖက်ပြီး မိုးဦးကျကာလတွင်ထွက်ရှိသည့် တောတောင်များတွင် သဘာဝအလျှောက် ပေါက်ရောက်နေသော လူကြိုက်များသည့် ရာသီစာမျှစ်များတူးဖော်ရောင်းချခြင်းဖြင့် အပိုဝင်ငွေရရှိကာ မိသားစုစားဝတ်နေရေးအဆင်ပြေလျက်ရှိကြောင်း သိရသည်။
တောတောင်များ တွင် သဘာဝအတိုင်း အလေ့ကျပေါက်ရောက်နေသာ မျှစ်များသည် မိုးဦးကျကာလ ဇွန်၊ ဇူလိုင်လတွင် အများဆုံးထွက်ရှိပြီး မျှစ်များပေါ်ချိန်ရောက်လျှင် ဒေသနေပြည်သူများသည် အုပ်စုဖွဲ့ပြီး မျှစ်များတူးဖော်ရောင်းချကြောင်း၊ သဘာအတိုင်းပေါက်ရောက်ပြီး ကျန်းမာရေးနှင့်ညီညွတ်ကာ လတ်ဆတ်ပြီး အရသာပိုမိုကောင်းမွန်သောကြောင့် မြို့အနီးရှိကျေးရွာများနှင့် ဒေသနေပြည်သူများ နှစ်ခြိုက်စွာဝယ်ယူ စားသုံးကြောင်း၊ ဝါးပိုးမျှစ်(၂)ပင်လျှင် ငွေကျပ်(၁၀၀၀)ကျပ်ရရှိကြောင်း၊ ဆန်တစ်တင်းဝင်အိတ်ဖြင့် ဝယ်ယူလျှင်ငွေကျပ် (၁၀၀၀၀)ကျပ်မှ (၁၂၀၀၀)ကျပ်ဖြင့် ရရှိကြောင်း၊ မြို့အတွင်းရှိ စားသုံးသူအများစုသည် မျှစ်များပေါ်ချိန်ရောက်လျှင် တစ်နှစ်ပတ်လုံးတာရှည်စွာစားသုံးရန်အတွက် တစ်ပိုင်တစ်နိုင်မျှစ်ချဉ်ပြုလုပ်ခြင်းနှင့် မျှစ်များကိုမိနစ်အနည်းငယ်ခန့်ပြုတ်ပြီး ပလက်စတစ်အိတ်ဖြင့် ထုတ်ပိုးကာထားသိုကြကြောင်း၊ စားသုံးသူများစွာကြိုက်နှစ်သက်သောကြောင့် မျှစ်များတူးဖော်ရောင်းချသည့်အချိန်တွင် အပိုဝင်ငွေရရှိကာ မိသားစုစားဝတ်နေရေး အဆင်ပြေကြကြောင်း ဒေသနေပြည်သူတစ်ဦးထံမှ သိရသည်။
ရှမ်းရွာသစ်မြို့တွင် မြို့ပေါ်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၉)အုပ်စုရှိပြီး ဒေသနေပြည်သူအများစုသည့် တောင်ယာနှင့်လယ်ယာစိုက်ပျိုးသည့်လုပ်ငန်းအပြင် ဉယျာဉ်ခြံမြေစိုက်ပျိုးသည့်လုပ်ငန်း၊ တစ်ပိုင်တစ်နိုင် ကျွဲ၊ နွဲ၊ ဝက်၊ ဒေသကြက်နှင့်ဆိတ်များကို မွေးမြူသည့်လုပ်ငန်းနှင့် ရာသီစာသီးနှံများကို ခူးဆွတ်လုပ် ကိုင်သည့်လုပ်ငန်းများကို အဓိကထားလုပ်ကိုင်ကြကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)