ကြံခင်းမြို့တွင် အခြေခံစားသောက်ကုန်ပစ္စည်းများအား စျေးနှုန်းမှန်ကန်စွာရောင်းချခြင်း ရှိ/မရှိ တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အတွင်းရှိ အခြေခံစားသောက်ကုန် ပစ္စည်းများအား စျေးနှုန်းမှန်ကန်စွာ ရောင်းချခြင်း ရှိ/မရှိ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ ကြီးကြပ်မှုဖြင့် တာဝန်ရှိသူများက ယနေ့ နံနက်(၉)နာရီအချိန်က ကြံခင်းမြို့နယ် မြို့မဈေးအတွင်း/အပြင်ရှိ အခြေခံစားသောက်ကုန် ဈေးရောင်းချနေသောဆိုင်များသို့ ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။