လပွတ္တာ ဇွန် ၁၅
ဧရာတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲ သုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ကလေးများ စာဖတ်ရှိန်မြင့်မားစေရေးအတွက် စာအုပ်/စာစောင်များနှင့် နံရံကပ်စာစောင်များ ပြသခြင်းတို့ကို ယနေ့ နံနက် ၁၀ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲကို ကျောင်းသား/သူများ စာဖတ်ရှိန်မြင့်မားလာစေပြီး စာပေဗဟုသုတများ တိုးပွားလာစေရန်၊ ဉာဏ်ရည်ဉာဏ်သွေးတိုးတက်ပြီး သွက်လက် ထက်မြက်လာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ပြိုင်ပွဲများ ပြုလုပ်ယှဉ်ပြိုင်စေခြင်းဖြစ်ရာ အ.ထ.က (၃)မိုင်ကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသား/သူ တို့က စာစီစာကုံးပြိုင်ပွဲတွင် စိတ်ပါဝင်စားစွာ ယှဉ်ပြိုင်ခဲ့ကြသည်။
ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား/သူ၊ ပြည်သူများ စာအုပ်စာပေချစ်မြတ်နိုးတတ်လာစေရန်၊ စာဖတ်ရှိန်မြင့်မားလာစေရန်၊ အသိပညာဗဟုသုတ တိုးပွားလာစေရန် ရည်ရွယ်၍ ပြပွဲ၊ ပြိုင်ပွဲ၊ ဟောပြောပွဲ၊ စာဖတ်ဝိုင်းများ၊ နယ်လှည့်စာငှားခြင်းတို့ကို ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခရိုင် ပြန်/ဆက်