မိုင်းယုမြို့၌ မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှုအန္တရာယ်အသိပညာပေး နံရံကပ်စာစောင်ပြသ

မိုင်းယု ဇွန် ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများအား အသိပညာပေး လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန၌ မူးယစ်ဆေးဝါးအန္တရာယ်နှင့် လူကုန်ကူးမှုအန္တရာယ်အသိပညာပေး နံရံကပ်စာ စောင်ကို ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။

အဆိုပါ နံရံကပ်စာစောင်တွင် မူးယစ်ဆေးဝါး တရားမဝင်ရောင်းဝယ်မှုနှင့် သိထားသင့်သည့် မူးယစ်ဆေးဝါးအန္တရာယ်များ၊ မူးယစ်ဆေးဝါးအမျိုးအစားများနှင့် ရှောင်ရှားနိုင်သည့် နည်း လမ်းများ၊ မူးယစ်ဆေးဝါး သုံးစွဲခြင်းကြောင့် ကျန်းမာရေးနှင့် လူမှုဘဝထိခိုက်နိုင်မှုများ စသည့် မူးယစ်ဆေးဝါး၏ အန္တရာယ်နှင့် ဆိုးကျိုးများ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး ဓာတ်ပုံများဖြင့် နံရံကပ်စာစောင်တွင် ထည့်သွင်းဖော်ပြထားကြောင်း သိရ သည်။

အားချာ