မိုင်းငေါ့မြို့လူထုအခြေပြုဗဟိုဌာန Community Centre ရုံးခန်းတွင် Youth Club စာဖတ်ဝိုင်းပြုလုပ်

မိုင်းငေါ့ ဇွန် ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ လူထုအခြေပြုဗဟိုဌာန Community Centre ရုံးခန်းတွင် ယမန်နေ့ နံနက်(၁၀)နာရီအချိန်ခန့်က ဆရာ‌ဇော်ဂျီနှင့် အခြား ကလေးနှင့် ဆယ်ကျော်သက်ရွယ်လူငယ်များအတွက် “စာဖတ်ခြင်း” စာအုပ်ဖြင့်ရေးသားသော Youth Club စာဖတ်ဝိုင်းကို ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး  ဒေါ်မြင့်မြင့်သွယ်က စာဖတ်ဝိုင်း ပြုလုပ်ရခြင်းကြောင့် လူငယ်လူရွယ်များ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိလာစေရန်၊ စာပေအကြောင်းအရာများကို နှီနှောဖလှယ်နိုင်စေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများ တိုးပွားလာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် စာဖတ်ဝိုင်းကို ပြုလုပ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် Youth Club အသင်းမှ‌ မောင်ရဲရင့်ထွဋ်က အနာဂတ်ရိက္ခာစာဖတ်ပါ၊ မစန္ဒာဦးက စာရဲ့အရသာ”  မဟေမာန်ဦးက စာဖတ်ခြင်း၊ မဆုရွှေရည်လင်းက စာဖတ်ခြင်းအကျိုး စသည့်ခေါင်းစဥ်အသီးသီးတိုကို ဖတ်ကြားခဲ့ကြပြီး စာအုပ်ပါအကြောင်းအရာများကိုပြန်လည် ဆွေးနွေးခဲ့ကြကြောင်းနှင့် စာဖတ်ဝိုင်းကို တစ်လလျှင် (၁)ကြိမ် ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြင့်သွယ် (မိုင်းငေါ့ ပြန်/ဆက်)