ဟုမ္မလင်း ဇွန် ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကုသခန်းမဆောင်တွင် သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်ပေးခြင်းကို ယနေ့နံနက် (၉)နာရီမှ ၁၂ နာရီထိ အပတ်စဥ်သောကြာနေ့တိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သက်ကြီးဘိုးဘွားများကျန်းမာရေး စောင့်ရှောက်မှုနှင့် ကုသပေးဆောင်ရွက်ခြင်းကို ဟုမ္မလင်း ခုတင် (၁၀၀) ဆံ့ ပြည်သူ့ဆေးရုံး ဆေးရုံအုပ်ကြီး ဒေါက်တာ ရန်နိုင်ဆွေ၊ အရိုး အထူးကုဆရာဝန် ဒေါက်တာမင်းဇော်အောင်၊ ဒေါက်တာနန်းဝင်းအောင်နှင့် ဆရာ /ဆရာမများက သက်ကြီးရွယ်အို များအား ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်း၊ မကူးစက်ခင်ရောဂါ ကြိုတင်ကာကွယ်ရေး၊ နှလုံးရောဂါ၊ သွေးတိုး ဆီးချိုး၊ ရောဂါအခံရှိသူ သက်ကြီးဘိုးဘွား စုစုပေါင်း (၁၃၅)ဦးအား အခမဲ့ စောင့်ရှောက်ကုသပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သက်ကြီးဘိုးဘွားများ ကျန်းမာရေး စောင့်ရှောက်မှုအစီစဉ်တွင် ကျန်းမာရေးစစ်ဆေးမှု မခံယူမီ သက်ကြီးဘိုးဘွားများအား ကိုယ်ကာယ ကျန်းမာကြံခိုင်စေရေးအတွက် ကိုယ်ကာယ လေ့ကျင့်ခန်းကို ဉီးတင်မောင်ဝင်း (HA1)က ဉီးဆောင်လေ့ကျင့် ပေးခဲ့ကြောင်းနှင့် အာဟာရဒါန အနေဖြင့် ကြက်ကြာဇံဟင်းခါး တိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။
ဟုမ္မလင်း(ပြန်/ဆက်)