ကမမောင်း ဇွန် ၁၆
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့ နံနက်(၁၀) နာရီက ကမမောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ကမမောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက် လက်ထောက်-၃(အင်အားပြ) ဒေါ်တင်တင်လှက Talk Show ပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားပြီး ရုပ်သံ-၃ (အင်အားပြ) ဦးသန့်ဇင်ဝင်းက ကလေးအလုပ်သမား၏ အဓိပ္ပာယ် ဖွင့်ဆိုချက်၊ ကလေးအလုပ်သမားရေးရာ အဖွဲ့၏ ရည်မှန်းချက် (၃) ရပ်၊ ကလေးအလုပ်သမားများ၏ အသက် အရွယ်နှင့် ကျောင်းပညာရေး၊ ကလေးအလုပ်သမားများ၏ အလုပ်ချိန် ကန့်သတ်ချက်၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ ကလေးသူငယ်များနှင့် ပတ်သက်၍ ပါဝင် ဆောင်ရွက်မှုဆိုင်ရာ အခွင့်အရေး အကြောင်းအရာတို့ကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သန့်ဇင်(ပြန်/ဆက်)