နမ့်ခမ်း ဇွန် ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၉)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းအောင်က မိမိတို့ဒေသအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေးကဏ္ဍများကို အလေးထားဆောင်ရွက်ကြရန်၊ တစ်ရွာကုန်ထုတ်လုပ်မှုကဏ္ဍ လုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်ပေးရန်၊ ဘိန်းအစားထိုးသီးနှံများကို စိုက်ပျိုးရန်၊ အခြေခံပညာ ကျောင်းများတွင် ရေရရှိရေးဆောင်ရွက်ရန်၊ ကိုဗစ်ကာကွယ်ဆေးကို အခြေခံပညာကျောင်းများတွင် ထိုးနှံပေးနိုင်ရေးဆောင်ရွက်ရန်၊ မြို့အား သန့်ရှင်းသပ်ရပ် သာယာလှပစေရေးဆောင်ရွက်ရန်နှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အောင်မြင်ရေးအတွက် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်တို့ကို ပြောကြားခဲ့သည်။
ယင်းနောက် တက်ရောက်လာသည့် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်မှူးများက သက်ဆိုင်ရာဌာန၊ ရပ်ကွက်အလိုက် လုပ်ငန်းဆောင်ရွက်ရန် လျာထားမှု၊ ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းများကို ဆွေးနွေးတင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက တင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိုနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နမ့်ခမ်း(ပြန်/ဆက်)