သဲကုန်း ဇွန် ၁၆
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၉ နာရီက မြို့နယ်စာရေးဆရာအသင်း၊ (Book Club)အဖွဲ့ဝင်များ၊ ကျောင်းသား၊ ကျောင်းသူ(Youth club )အဖွဲ့ဝင်များ စာပေချစ်မြတ်နိုးသူ ဝါသနာရှင်များ၊ ဆရာ၊ ဆရာမ များနှင့်ပူးပေါင်း၍ စာရေးဆရာမ ခင်စောတင့် ဘာသာပြန်ဆိုထားသော ပျော်ရွှင်ကြရာဝယ် စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
စာဖတ်ဝိုင်းတွင် သဲကုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည့်သူဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝင့်နန္ဒာဌေးက စာဖတ်ဝိုင်းကျင်းပရခြင်းရဲ့ရည်ရွယ်ချက်များနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ပြည်သူအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နေမှုများကိုရှင်းလင်းပြောကြားပြီး လူငယ်များစာအုပ်စာပေများအား လေ့လာဖတ်ရှုလိုသည့် အလေ့အကျင့်ကောင်းများရရှိလာစေရန် တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆွေးနွေးရာမှ အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ စာဖတ်ရှိန်မြှင့်တင်ဆောင်ရွက်ခြင်းဖြင့် စာဖတ်ခြင်းအကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် Book club မှအဖွဲ.ဝင် ဦးဆန်းမြင့်အောင်မှ လူငယ်များ စာပေဝမ်းစာဖြည့်ရာတွင် မိမိနှင့်သင့်တော်သည့် စာအုပ်စာပေများကိုဖတ်ရှုသင့်ကြောင်း၊ Book clubအဖွဲ့ဝင်များမှ ပျော်ရွှင်ခြင်းနှင့် ပတ်သက်သည့် မိမိတို့၏ ခံစားချက်များကိုအပြန်အလှန် ဆွေးနွေးပြောကြားခဲ့သည်။ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဝန်ထမ်းများ အသိပညာတိုးပွားစေရေး လစဉ်စာဖတ်ဝိုင်းများနှင့် စာပေချစ်မြတ်နိုးသူများအသင်း၊ Book club၊ Youth club များနှင့် စာဖတ်ဝိုင်းများကို ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။
ကိုကျော်(ပြန်/ ဆက်)