နတ်တလင်းမြို့နယ်၌ တောင်သူ၊ လယ်သမားများအား စပါးမျိုးစေ့ချကရိယာ(Drum Seedder)ဖြင့် လက်တွေ့သရုပ်ပြစိုက်ပျိုးပွဲကျင်းပ

နတ်တလင်း ဇွန် ၁၆

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် တောင်သူလယ်သမားများအား စပါးတစ်ဧကအထွက်နှုန်းတိုးတက်ရေး ကြဲခင်းစနစ်မှ တိုက်ရိုက်အစေ့ချ စိုက်ပျိုးနိုင်ရန် စပါးမျိုးစေ့ချကရိယာ(DrumSeeder)ဖြင့် လက်တွေ့သရုပ်ပြစိုက်ပျိုးပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ကျိုက်လှကျေးရွာအတွင်းရှိ ကွင်းအမှတ် (၂၅၇) တောင်သူ ဦးကျော်လေး၏လယ်မြေတွင် ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးမြင့်သူက စပါးမျိုးစေ့ချ ကရိယာ(Drum Seeder)ဖြင့် စိုက်ပျိုးနည်းအကြောင်းများကို ရှင်းလင်းပြောကြားပြီး မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှဝန်ထမ်းများက စပါးမျိုးစေ့ချကရိယာ (Drum Seeder)ဖြင့် လက်တွေ့သရုပ်ပြစိုက်ပျိုးပြသကြသည်။

အဆိုပါလက်တွေ့သရုပ်ပြစိုက်ပျိုးပြသပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်ဦးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိ သူများ၊ ဒေသခံတောင်သူလယ်သမား တက်ရောက်လေ့လာကြကြောင်း သိရသည်။

ဝေယံဖြိုး(ပြန်/ဆက်)