ခရမ်း ဇွန် ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်လူထုအခြေပြုဗဟိုဋ္ဌာန (Community Centre) ခန်းမ၌ အမှိုက်ကြောင့် ဖြစ်တက်သောရောဂါ များအကြောင်း အသိပညာပေး Talk Show ကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဋ္ဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်နှင်းဝေက ပြည်သူအများသတိပြုသင့်သည့် အမှိုက်ကြောင့်ဖြစ်တက်သည့် ရောဂါများအကြောင်း၊ အမှိုက်ကို စွန့်ပြစ်ရန်အရေးကြီးပုံနှင့်မြစ်ချောင်း၊ ရေကန်များအတွင်း အမှိုက်စွန့်ပြစ်ခြင်းကြောင့် ဖြစ်ပေါ်လာစေသည့် ဆိုးကျိုးများ၊ စည်းမဲ့ကမ်းမဲ့ အမှိုက်စွန့်ပြစ်ခြင်းကြောင့် သဘာဝ ပတ်ဝန်းကျင်ထိခိုက်နစ်နာဆုံးရှုံးမှုများ၊ အမှိုက်များကို စနစ်တကျ စွန့်ပြစ်ခြင်းကြောင့်၊ လူနှင့်မိမိပတ်ဝန်းကျင် အားကောင်းဖြစ်စေသည့်အချက်များ၊ စည်းကမ်းမဲ့အမှိုက်စွန့်ပြစ်မှု မရှိစေရေး ပြည်သူအားလုံးပူးပေါင်း ဆောင်ရွက်ရမည့် နည်းလမ်းကောင်းများ၊ ဆောင်ရွက်ရမည့် နည်းစနစ်များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရသည်။
ခရမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတရရှိအောင် Online Talk Show များဖြင့် အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကိုမင်း (ခရမ်း )