တာလေမြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပပြုလုပ်သွားမည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲကို အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

တန့်ယန်းမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်ပြသထား

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု (Community Centre) ၌ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် နံရံကပ်စာစောင်ကို ပြသထားရာ ကျောင်းသား၊ ကျောင်းသူများ လာရောက်ကြည့်ရှုသည်။

ပြင်ဦးလွင်မြို့တွင် တန်ဖိုးမြှင့်စားသောက်ကုန် (Bakery) အမျိုးမျိုးထုတ်လုပ်မှုနည်းပညာ သင်တန်းအမှတ်စဉ် (၂/၂၀၂၃-၂၀၂၄ ) သင်တန်းဆင်းပွဲကျင်းပ

ပြင်ဦးလွင်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဖွင့်လှစ်လျက်ရှိသည့် တန်ဖိုးမြှင့်စားသောက်ကုန် (Bakery) အမျိုးမျိုးထုတ်လုပ်မှုနည်းပညာ သင်တန်းအမှတ်စဉ် (၂/၂၀၂၃-၂၀၂၄) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

သနပ်ပင်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ်၊ လုပ်ငန်းရာသီအတွက် (စတုတ္ထ) အကြိမ် ဂရန်အင်းများနှင့် (တတိယ) အကြိမ် တင်ဒါပိုက်ချက်များလေလံတင်ရောင်းချ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ် လုပ်ငန်းရာသီအတွက် (စတုတ္ထ) ဂရန်အင်းများနှင့် (တတိယ) အကြိမ် တင်ဒါပိုက်ချက်များ လေလံတင်ရောင်းချခြင်း အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။

ကွတ်ခိုင်မြို့နယ် အ.ထ.က(မြို့မ)ကျောင်းတွင် သဘာဝဘေးအသိပညာပေးနှင့် မူးယစ်ဆေးဝါးအကြောင်း အသိပညာပေးဟောပြောပွဲ ပြုလုပ်

 ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ သဘာဝဘေးအသိပညာပေးနှင့် မူးယစ်ဆေးဝါးအကြောင်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀)နာရီအချိန်က၊ အ.ထ.က(မြို့မ)ကျောင်း၊ ပြည့်ရတနာခန်းမ၌ ကျင်းပခဲ့သည်။ 

ကေ့ာကရိတ်မြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

ကရင်ပြည်နယ်၊ ကေ့ာကရိတ်ခရိုင်၊ ကေ့ာကရိတ်မြို့နယ်၌ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည် ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံး ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌  Book Club အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းပြုလုပ်     

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ယနေ့နံနက် ၁၁ နာရီက စာရေးဆရာ ကျော်ကျော်လှိုင်ရေးသားသည့် “ ပျော်ရွှင်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြသည်။

ညောင်ရွှေမြို့နယ်၊ ငါးလုပ်ငန်းစခန်း၌ နဒီကန်အတွင်းသို့ ငါးသားပေါက်ကောင်ရေ (၂၀၀၀၀၀) ငါးမျိုး စိုက်ထည့်

ဒေသတွင်းငါးသယံဇာတ တိုးပွားလာစေရန်၊ ငါးရိက္ခာဖူလုံမှုရှိစေရန်နှင့် ဒေသမျိုးရင်းငါးမျိုးစိတ်များ မျိုးသုန်းပျောက်ကွယ်မှုမှ ကာကွယ်ရန်အတွက် ရှမ်းပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ နဒီကန်အတွင်းမှတစ်ဆင့် အင်းလေးကန်သဘာဝရေပြင်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်းကို ဇွန်(၁၉) ရက် နံနက်(၉)နာရီက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ တိလောကျေးရွာအုပ်စု၊ ရွှေရန်ပြေကျေးရွာရှိ ညောင်ရွှေငါးလုပ်ငန်းစခန်း၌ ပြုလုပ်ခဲ့သည်။

သီပေါမြို့၌ လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့် အသိပညာပေး ဆွေးနွေးပွဲ Talk Show ပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်း၍ “လူငယ်နှင့်အားကစား” ခေါင်းစဉ်ဖြင့် အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယနေ့နံနက် ၁၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ပြုလုပ်ဆောင် ရွက်ခဲ့ကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ် ထိုင်ဝမ်ပိန္နဲ စိုက်ပျိုးတောင်သူများ တစ်ပိဿာ ၁၅၀၀ ကျပ် ရောင်းချနေရ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ထိုင်ဝမ်ပိန္နဲ စိုက်ပျိုးတောင်သူများ ပိန္နဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး အသီးသီးနှုန်း ကောင်းမွန်ကာ ဆွတ်ခူးရောင်းချချိန် တစ်ပိသာ ၁၅၀၀ ကျပ် ရောင်းချရခြင်းကြောင့် ပိန္နဲစိုက်တောင်သူများ တွက်ခြေကိုက်သည့် နှစ်တစ်နှစ် ဖြစ်ခဲ့ကြောင်း သိရသည်။
Subscribe to