ပျော်ဘွယ်မြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် စာအုပ်စာစောင်၊ နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင်၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေး ဟော ပြောပွဲ၊ စာအုပ်စာစောင်၊ နံရံကပ်စာစောင်ပြပွဲ ကျင်းပခြင်းကို ယနေ့မွန်းလွဲ(၁)နာရီက အခြေခံပညာ အထက်တန်းကျောင်းခွဲ (ရွှေပြည်ရန်နိုင်)တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် နိုင်ငံဂုဏ်ဆောင်ခဲ့ကြသော စစ်ကိုင်းတိုင်း ဒေသကြီးမှ နိုင်ငံ့လက်ရွေးစင် အားကစားသမားများနှင့် အုပ်ချုပ်/နည်ပြများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားတက်ရောက်

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကာစားပြိုင်ပွဲတွင် နိုင်ငံဂုဏ်ဆောင်ခဲ့ကြသော စစ်ကိုင်းတိုင်းဒေသကြီးမှ နိုင်ငံ့လက်ရွေးစင် အားကစားသမားများနှင့် အုပ်ချုပ်/နည်းပြများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် မုံရွာမြို့၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ နိုင်ငံလက်ရွေးစင် အားကစားသမားများ နှင့် အုပ်ချုပ်/နည်းပြများ တက်ရောက်ကြသည်။

သာစည်မြို့ လူထုအခြေပြုဗဟိုဌာန၌ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး Talk Show ပြုလုပ်

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ပြည်သူများ မူးယစ်ဆေးဝါးနှင့်ပတ်သက်သော အသိပညာဗဟုသုတများရရှိပြီး မူးယစ်ဆေးဝါးကို ရှောင်ကြဉ်နိုင်ရန် အပြည်ပြည် ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး Talk Show ကို ဇွန် ၁၉ ရက် နံနက် ၁၀ နာရီခွဲက သာစည်မြို့ လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်ကြောင်း သိရသည်။

မုံရွာမြို့၌ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲကျင်းပ

မုံရွာမြို့၌ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲကျင်းပ မုံရွာ ဇွန် ၁၉ ခရိုင် (ပြန်/ဆက်)

ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာနခန်းမ၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲဆောင်ရွက်

၂၀၂၃ ခုနှစ်၊ ဇွန်လ (၂၆)ရက်နေ့တွင်ရောက်ရှိမည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲ အသုံးမှုနှင့် တရားမဝင်းရောင်းဝယ်မှုပပျောက်ရေးနေ့အထိမ်းအမှတ်(အကြို) ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ယနေ့မွန်းလွဲ(၂)နာရီအချိန်ခန့်တွင် ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ဆောင်ရွက်ခဲ့‌ကြောင်းသိရသည်။

ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့်တာဝန်ရှိသူများ ကျောက်ဖြူမြို့၊ မြို့ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေး ပြန်လည်တူးဖော်နေမှုအား ကြည့်ရှုစစ်ဆေး၊ ဆေးရုံတက်ရောက်၍ ဆေးကုသမှု ခံယူနေသည့် နဂါးကျောင်းတိုက်ဆရာတော်အား သွားရောက်ဖူးမြော်ကြည်ညို

ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့်တာဝန်ရှိသူများသည် ခရိုင်/မြို့နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းက ကျောက်ဖြူမြို့၊ မြို့ရေနုတ်မြောင်းများ ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ရေထွက်ပေါက်ပြန်လည်ပြုပြင်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆေးရုံတက်ရောက်၍ ဆေးကုသမှုခံယူနေသည့် နဂါးကျောင်းတိုက်ဆရာတော်အား ဖူးမြော်ကြည်ညိုကာ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းသည်။

ပုဗ္ဗသီရိမြို့နယ်၊ ပြည်သူ့စာကြည့်တိုက်၌ စာဖတ်ပြခြင်း အစီအစဉ်ဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ပြခြင်းအစီအစဉ်ကို ​ ယနေ့နံနက်ပိုင်းက ပြည်သူ့စာကြည့်တိုက်၌ ပြုလုပ်ခဲ့သည်။

ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့်တာဝန်ရှိသူများ ကျောက်ဖြူမြို့၊ မြို့ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေး ပြန်လည်တူးဖော်နေမှုအား ကြည့်ရှုစစ်ဆေး၊ ဆေးရုံတက်ရောက်၍ ဆေးကုသမှုခံယူနေသည့် နဂါးကျောင်းတိုက်ဆရာတော်အား သွားရောက်ဖူးမြှော်ကြည်ညို

ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့်တာဝန်ရှိသူများသည် ခရိုင်/မြို့နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းက ကျောက်ဖြူမြို့၊ မြို့ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေထွက်ပေါက်ပြန်လည်ပြုပြင်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆေးရုံတက်ရောက်၍ ဆေးကုသမှုခံယူနေသည့် နဂါးကျောင်းတိုက် ဆရာတော်အား ဖူးမြော်ကြည်ညိုကာ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းသည်။

ပျဉ်းမနားမြို့နယ်၌ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်း

ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် စာဖတ်သူများ လက်ဝယ်အရောက် စာအုပ်များလိုက်လံ ငှားရမ်းပေးမှုကို ရပ်ကွက်‌/ကျေးရွာများအရောက် လိုက်လံငှားရမ်း‌ပေးနေလျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် မြို့နယ်ရုံးဝန်ထမ်းများက သဲကျွန်းကျေးရွာသို့သွားရောက် ငှားရမ်းပေးကြသည်။

ဗိုလ်မှူးချုပ်ကျော်ကျော်စိုး ကြီးကြပ်ဦးဆောင်မှုဖြင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ သဘာဝဘေး ပြန်လည်ထူထောင်ရေးကော်မတီနှင့် အလှူရှင်များ ထောက်ပံ့သော ကုလားတန်(၆)သင်္ဘောဖြင့် ထပ်မံရောက်ရှိလာသော ပစ္စည်း(၄)မျိုးအားဖွင့်ဖောက်စစ်ဆေးပြီး လေဘေးသင့်ပြည်သူများသို့ ဖြန့်ဝေ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့၌ ဗိုလ်မှူးချုပ် ကျော်ကျော်စိုး ကြီးကြပ်ဦးဆောင်မှုဖြင့် လေဘေးသင့် ပြည်သူများသို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ သဘာဝဘေး ပြန်လည်ထူထောင်ရေးကော်မတီနှင့် အလှူရှင်များထောက်ပံ့သော ပြည်တွင်းရေကြောင်းပိုင် ကုလားတန် (၆)သင်္ဘောဖြင့် ထပ်မံရောက်ရှိလာသည့် ပစ္စည်း(၄)မျိုးအား ယနေ့နံနက် (၇)နာရီ အချိန်က ငုပင်လယ်ဆိပ်ခံတံတားပေါ်သို့ တင်ယူပြီး ဖွင့်ဖောက်စစ်ဆေးအတည်ပြုလက်ခံကာ လေဘေးသင့်ပြည်သူများသို့ ချက်ချင်းဖြန့်ဝေပေးသည်။
Subscribe to