ကေ့ာကရိတ် ဇွန် ၁၉
ကရင်ပြည်နယ်၊ ကေ့ာကရိတ်ခရိုင်၊ ကေ့ာကရိတ်မြို့နယ်၌ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည် ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံး ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲကျင်းပရာ နံနက်ပိုင်းတွင် ကေ့ာကရိတ်မြို့ပေါ် အခြေခံပညာကျောင်းများမှ အလယ်တန်းဆင့် ကျောင်းသူ /သား(၁၃)ဦး၊ မွန်းလွဲပိုင်းတွင် အထက်တန်းဆင့် ကျောင်းသူကျောင်းသား (၁၅)တို့မှ “မူးယစ်အန္တရာယ် ဒို့ရန်စွယ် ကာကွယ်တိုက်ဖျက်လက်ချင်းဆက်” ခေါင်းစဉ်ဖြင့် ပါဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုပေးပွဲကို အခမ်းအနားကို လာမည့် ဇွန်လ ၂၆ ရက်နေ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး၌ ဆုရရှိသူများအား ဆုများ ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခင်မျိုးဝင်း(ပြန်/ဆက်)