နည်းပညာတက္ကသိုလ်(ကျိုင်းတုံ)၌ (၁၈) ကြိမ်မြောက် အင်ဂျင်နီယာဘွဲ့ ဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ နည်းပညာတက္ကသိုလ်(ကျိုင်းတုံ)၌ (၁၈)ကြိမ်မြောက် အင်ဂျင်နီယာဘွဲ့ ဘွဲ့နှင်းသဘင်အခမ်းအနားကို ဇွန် ၁၈ ရက်က ကျင်းပသည်။

ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

မန္တလေးဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ဇွန်(၁၉)ရက် နံနက်(၁၀)နာရီက လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး ရည်ရွယ်၍ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဇေယျာသီရိမြို့နယ်၌ လူငယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်အတွင်း၌ လူငယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်ရေးရာအသိပညာ ပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

မြိတ်မြို့တွင် ကလပ်ပေါင်းစုံ ကာယဗလမောင်၊ ကာယကြံ့ခိုင်မောင်/မယ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်‌ရေးနှင့် မျိုးဆက်သစ် ကာယဗလမောင်၊ ကာယကြံ့ခိုင်မောင်/မယ်များ မွေးထုတ်ပေးနိုင်ရေးအတွက် TSDP အစီအစဉ်ဖြင့် မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား ကလပ်ပေါင်းစုံ ကာယဗလမောင်၊ ကာယကြံ့ခိုင်မောင်/မယ်ပြိုင်ပွဲကို ယမန်နေ့နေ့လယ်ပိုင်းက မြိတ်ခရိုင် အားကစားခန်းမတွင် ကျင်းပခဲ့သည်။

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် မင်းလှမြို့နယ်အတွင်းရှိ‌ ရေနက်ကွင်းဧရိယာများမှ သီးနှံစိုက် တောင်သူများနှင့်တွေ့ဆုံ၍ တစ်သီးမှ နှစ်သီးစိုက်ပျိုးနိုင်ရေးဆွေးနွေး

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အတူ အစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းအဆင့်/ခရိုင်အဆင့် ဌာနဆိုင်ရာများသည် ယနေ့နံနက်ပိုင်းက သာယာဝတီခရိုင်၊ မင်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ရေနက်ကွင်း ဧရိယာများမှ သီးနှံစိုက်တောင်သူများနှင့်တွေ့ဆုံ၍ တစ်သီးမှ နှစ်သီးစိုက်ပျိုးနိုင်ရေး ဆွေးနွေးဆောင်ရွက်ခဲ့သည်။

ကြံခင်းမြို့တွင် "e-ID စနစ်ဆောင်ရွက်လို့ လူမှုစီးပွား မြှင့်တင်စို့" အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် e-ID စနစ်ဖြင့် ကိုယ်ရေးအချက်အလက်များ ကောက်ယူမှတ်ပုံတင် ခြင်းလုပ်ငန်းဆိုင်ရာ "e-ID စနစ်ဆောင်ရွက်လို့ လူမှုစီးပွား မြှင့်တင်စို့" အသိပညာပေး လက်ကမ်းစာစောင်များကို ယနေ့ နံနက်(၈)နာရီအချိန်က ကြံခင်းမြို့ လမ်းမတော်လမ်း၊ ဗိုလ်ချုပ် ကြေးရုပ်ရှေ့ လူစည်ကားရာနေရာတွင် ပြည်သူများ ကျယ်ကျယ် ပြန့်ပြန့် သိရှိစေရန် ဖြန့်ဝေပေးခဲ့ကြသည်။

ကျွန်းစုမြို့တွင် မြို့သာယာလှပရေးအတွက် လုပ်ငန်းသုံးပစ္စည်း တင်ဒါရောင်းချခြင်း အခမ်းအနားကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့က မြို့သာယာလှပရေးအတွက် လုပ်ငန်းသုံးပစ္စည်း တင်ဒါရောင်းချခြင်း အခမ်းအနားကို ယနေ့နံနက်(၁၁)နာရီခွဲအချိန်က မြို့နယ်စည်/ပင်ရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပေါင်မြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြသ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ယနေ့နံနက်ပိုင်းက (အ.မ.က) ဂွေးပင်ချောင်ကျောင်း၌ စာဖတ်စွမ်းရည်၊ ကဗျာရွတ်၊ ပုံပြောပြိုင်ပွဲများနှင့် အသိပညာပေးဟောပြောခြင်း နံရံကပ်စာစောင်ပြသခြင်းများကို ဆောင်ရွက်ခဲ့သည်။

မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ပုဏ္ဏားကျွန်းမြို့နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအား ကွင်းဆင်း ကြည့်ရှုစစ်ဆေး

မေလ(၁၄)ရက်နေ့က မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့်  ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအား ဗိုလ်မှူးချုပ် ဝင်းမောင်နှင့် တာဝန်ရှိသူများသည် ယနေ့၊ နံနက်(၁၀)နာရီက မြို့ပေါ်ရှိ အခြေခံပညာကျောင်းများနှင့် ဌာနဆိုင်ရာ ရုံးဌာနများသို့ ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေတို့ကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။
Subscribe to