သာစည်မြို့လူထုအခြေပြုဗဟိုဌာန၌ ရသလမ်းဆုံ စာဖတ်ဝိုင်းပြုလုပ်

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လစဉ်ပြုလုပ်မြဲဖြစ်သော ရသလမ်းဆုံ စာဖတ်ဝိုင်းကို ဇွန် ၁၈ ရက် နံနက် ၉ နာရီခွဲက ပြုလုပ်ခဲ့ကြောင်းသိရသည်။

တောင်ကုတ်မြို့နယ် ၌ မိုးစပါးဘောင်ပျိုး မျိုးစေ့ချကွင်းသရုပ်ပြ

တောင်ကုတ်မြို့နယ် ၌ မိုးစပါးဘောင်ပျိုး မျိုးစေ့ချကွင်းသရုပ်ပြ တောင်ကုတ် ဇွန် ၁၉ မြို့နယ်

မောင်တောမြို့တွင် ပြန်လည်ထူထောင်ရေးအတွက် ရောက်‌ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေသည် တာ၀န်ရှိသူများနှင့်အတူ မုန်တိုင်းဘေးကြောင့် လေဘေးသင့်ပြီး ပျက်စီးခဲ့သည့် ဘုန်းတော်ကြီးကျောင်းများအတွက် ထောက်ပံ့ပစ္စည်းများလှူဒါန်း၊ စာသင်ကျောင်းများအား ကြည့်ရှု

ရခိုင်ပြည်နယ် မောင်တောမြို့တွင် ပြန်လည်ထူထောင်ရေးအတွက် ရောက်‌ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေသည် တာ၀န်ရှိသူများနှင့်အတူ မုန်တိုင်းဘေးကြောင့် လေဘေးသင့်ပြီး ပျက်စီးခဲ့သည့် ဘုန်းတော်ကြီးကျောင်းများအတွက် ထောက်ပံ့ပစ္စည်းများ လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းက မြေပြင်ကွင်းဆင်း လိုက်လံ‌ထောက်ပံ့ လှူဒါန်း‌ပေးအပ်ခဲ့ကြသည်။

ဝေါလေမြိုင်မြို့၌ ကော်ပြောင်းများ စတင်စိုက်ပျိုး

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့ရှိ ဒေသခံတောင်သူများအနေဖြင့် ကော်ပြောင်းစိုက်ပျိုးခြင်းလုပ်ငန်းကို အဓိကထား လုပ်ကိုင်လျက်ရှိရာ  ဇွန်လမှစ၍ ကော်ပြောင်းများ စိုက်ပျိုးနေပြီဖြစ်ကြောင်း သိရသည်။

ကာလိမြို့၌ “e-ID စနစ်ဆောင်ရွက်လို့ လူမှု့စီးပွားမြှင့်တင်စို့” (Talk Show) ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့ ပူးပေါင်းပြီး “e-ID စနစ်ဆောင်ရွက်လို့ လူမှု့စီးပွား မြှင့်တင်စို့” အသိပညာပေး (Talk Show)ကို ယနေ့ နံနက်(၉)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Center) ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိတ္ထီလာခရိုင် လူထုအခြေပြုဗဟိုဌာန၌ ပန်းချီပြိုင်ပွဲနှင့် ကဗျာရေးစပ်ပြိုင်ပွဲကျင်းပ

မိတ္ထီလာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်လူထုအခြေပြု ဗဟိုဌာနခန်းမတွင် ၂ဝ၂၃ ခုနှစ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲနှင့် ကဗျာရေးစပ်ပြိုင်ပွဲကို ယနေ့နံနက် ၉နာရီ အချိန်က ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကကြီးမှူး၍ သန့်ရှင်းသောသောက်သုံးရေ ရရှိရေးဖြန့်ဝေပေးမှုနှင့် အဝီစိတွင်းတူးဖော်မှုအား ဒုတိယညွှန်ကြားရေးမှူးချုပ်မှ ကြည့်ရှုစစ်ဆေး

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်အတွင်းရှိ မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် သောက်သုံးရေ အခက်အခဲဖြစ်နေသည့် ပြည်သူများအား မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနကကြီးမှူး၍ ယနေ့နံနက်ပိုင်းက ရသေ့တောင် မြို့တောင်ရင်းတန်းရပ်ကွက် ဂူဝကန်မှရေကိုရေသန့်စင်ကား IR9489 ဖြင့်သန့်ရှင်းသောသောက်သုံးရေများအား ဖြန့်ဝေပေးမှုအခြေအနေနှင့် တောင်ရင်းတန်းရပ်ကွက် မြတ်သာကန် အနီးအဝီစိတွင်းတူး ဖော်ဆောင်ရွက်မှုအခြေအနေများအား ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမောင်ဝင်းနှင့် တာဝန်ရှိသူများကကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ကျွန်းစုမြို့တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ကွင်းဆင်းဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးက တိုင်းရင်းသားပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း ရရှိရေးအတွက် ပန်းခင်းစီမံချက် အဆင့်(၂)အရ ယနေ့နံနက်ပိုင်းက ကျွန်းစုမြို့၊ ကပကျေးရွာအုပ်စု၊ ကပကျေးရွာရှိ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပုသိမ်မြို့၌ အခြေခံစားသောက်ကုန်များကို ဈေးနှုန်းသက်သာစွာဖြင့်​ ရောင်းချပေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့၌ စားသုံးသူရေးရာဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ ဆီကုန်သည်ကြီးများအသင်းတို့ပူးပေါင်း၍ အခြေခံစားသောက်ကုန်များဖြစ်သော ဆီ၊ ဆား၊ ကြက်ဥနှင့် ငါးတန်ငါးများကို ပြင်ပပေါက်စျေးထက် စျေးနှုန်းသက်သာစွာဖြင့် ယနေ့နံနက်ပိုင်းက လိုက်လံရောင်းချ ပေးခဲ့ကြောင်း သိရသည်။

ဘားအံမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများစာဖတ်ရှိန်မြင့်မားပြီး စာအုပ်စာစောင်များကို အလွယ်တကူငှားရမ်းဖတ်ရှုနိုင်စေရန် ရည်ရွယ်၍ရွေ့လျားစာကြည့်တိုက် (Mobile Library) မော်တော်ယာဉ်ဖြင့် ဘားအံမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ သင်တန်းကျောင်းများ၊ အခြေခံပညာကျောင်းများအရောက် စာအုပ်စာစောင်များ အခမဲ့ငှားရမ်း ဝန်ဆောင်မှုပေးခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Subscribe to