လားရှိုးတွင် မြို့အင်္ဂါရပ်နှင့်ညီညွတ်ခြင်းမရှိသော ဝိုင်ဖိုင်ကြိုးတပ်ဆင်ထားမှုများကို ပြန်လည်စိစစ်၍ စနစ်တကျရှိစေရေးဆောင်ရွက်မည်
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ သာယာလှပရေးအတွက် အစဉ်တစိုက်ဆောင်ရွက်လျက်ရှိရာ ယခုအခါ မြို့အင်္ဂါရပ်နှင့်ညီညွတ်မှုမရှိပဲ ကြိုးများစနစ်တကျ တပ်ဆင်သွယ်တန်းထားခြင်းမရှိသည့် ဝိုင်ဖိုင်ကြိုးများကို စနစ်တကျရှိစေရေးစိစစ်၍ ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။