တာလေမြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပပြုလုပ်သွားမည်

တာလေ ဇွန် ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲကို အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အလယ်တန်းအဆင့်ပန်းချီပြိုင်ပွဲကို ''မူးယစ်ဟူသမျှ ဆန့်ကျင်ကြ''ခေါင်းစဉ်ဖြင့် ဇွန်လ ၂၁ ရက်၊ နံနက် ၉ နာရီတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မြို့အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား(၆)ဦး၊ ကျောင်းသူ(၇)ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ(၁၃)ဦးဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ''လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်''ခေါင်းစဉ်ဖြင့် ဇွန်လ ၂၂ ရက်၊ နံနက် ၉ နာရီတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မြို့အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား(၂)ဦး၊ ကျောင်းသူ(၂၀)ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ(၂၂)ဦး ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲများမှ ဆုရရှိသည့်ကျောင်းသား၊ ကျောင်းသူများအား ဇွန် ၂၃ ရက်၊ နံနက် ၉ နာရီတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)