တန့်ယန်း ဇွန် ၁၉
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု (Community Centre) ၌ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် နံရံကပ်စာစောင်ကို ပြသထားရာ ကျောင်းသား၊ ကျောင်းသူများ လာရောက်ကြည့်ရှုသည်။
အဆိုပါ နံရံကပ်စာစောင်တွင် မူးယစ်ဆေးဝါး၏ အန္တရာယ်နှင့်ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးသုံးစွဲရခြင်း အကြောင်းအရင်း၊ မူးယစ်ဆေးဝါးအန္တရာယ် အမျိုးသားရေးအသွင်ဖြင့် တိုက်ဖျက်၊ မူးယစ်ဆေးဝါးတို့ရှောင်ရှားစသည့် ဆောင်ပါး၊ ကဗျာ၊ ဆောင်ပုဒ်၊ ကာတွန်းများကို လေ့လာသိရှိနိုင်ရန် ဖော်ပြထားကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)