သာပေါင်းမြို့နယ်တွင် ပြည်သူများအတွက် ဈေးနှုန်းသက်သာစွာဖြင့် ဆန် ရောင်းချပေး
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ယမန်နေ့ နံနက် ၇ နာရီအချိန်မှ စတင်ကာ ပြည်သူများအတွက် အခြေခံစားသောက်ကုန် ဆန်များ ပြင်ပ ပေါက်စျေးထက် စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့သည်။