သနပ်ပင် ဇွန် ၁၉
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ် လုပ်ငန်းရာသီအတွက် (စတုတ္ထ) ဂရန်အင်းများနှင့် (တတိယ) အကြိမ် တင်ဒါပိုက်ချက်များ လေလံတင်ရောင်းချခြင်း အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပဲခူးခရိုင်၊ ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးဇော်မြင့်နိုင်က ဂရန်အင်းလေလံတင် ရောင်းချခြင်းနှင့်ပတ်သက်၍ အင်းလုပ်သားကြီးများ လိုက်နာရမည့် ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် (စတုတ္ထ) အကြိမ်ဂရန်အင်းများ လေလံတင်ရောင်းချရာ စျေးပြိုင်စနစ်ဖြင့် (၁)အင်း ရောင်းချနိုင်ခဲ့ပြီး ရောင်းချရပြီး စုစုပေါင်း ငွေကျပ် သိန်းခြောက်ဆယ်ခုနှစ်သောင်း (၆၀၇၀၀၀၀) နိုင်ငံတော်ဘဏ္ဍာငွေရရှိခဲ့ကြောင်း သိရသည်။
လှမိုး(ပြန်/ဆက်)