ညောင်ရွှေမြို့နယ်၊ ငါးလုပ်ငန်းစခန်း၌ နဒီကန်အတွင်းသို့ ငါးသားပေါက်ကောင်ရေ (၂၀၀၀၀၀) ငါးမျိုး စိုက်ထည့်

ညောင်ရွှေ ဇွန် ၁၉

ဒေသတွင်းငါးသယံဇာတ တိုးပွားလာစေရန်၊ ငါးရိက္ခာဖူလုံမှုရှိစေရန်နှင့် ဒေသမျိုးရင်းငါးမျိုးစိတ်များ မျိုးသုန်းပျောက်ကွယ်မှုမှ ကာကွယ်ရန်အတွက် ရှမ်းပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ နဒီကန်အတွင်းမှတစ်ဆင့် အင်းလေးကန်သဘာဝရေပြင်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်းကို ယနေ့နံနက်(၉)နာရီက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ တိလောကျေးရွာအုပ်စု၊ ရွှေရန်ပြေကျေးရွာရှိ ညောင်ရွှေငါးလုပ်ငန်းစခန်း၌ ပြုလုပ်ခဲ့သည်။

အဆိုပါ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားတွင် ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးနှင့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် အခမ်းအနားတက်ရောက်လာသူများမှ နဒီကန်မှတစ်ဆင့် အင်းလေးကန်သဘာဝရေပြင်အတွင်းသို့ ငါးဖိန်းသား ပေါက်ကောင်ရေ(၁၀၀၀၀၀)၊ ငါးမြစ်ချင်းသား ပေါက်ကောင်ရေ (၅၀၀၀၀)၊ ငါးခုံမကြီးသားပေါက် ကောင်ရေ(၅၀၀၀၀) စုစုပေါင်း ငါးသားပေါက် ကောင်ရေ (၂၀၀၀၀၀)အား စုပေါင်းငါးမျိုး စိုက်ထည့်ပေးခဲ့ကြကြောင်း သိရသည်။

စိုင်းအယ်ဘဲ