ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့စီးပွားရေးဝန်ကြီး ဒိုက်ဦးမြို့တွင်ဆောက်လုပ်မည့် ကလေးကစားကွင်းနှင့် ပန်းခြံနေရာသို့ကြည့်ရှုစစ်ဆေး
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့ မြို့အဝင်ကန်တော်မင်္ဂလာတာဆုံတွင် ဆောက်လုပ်မည့်ကလေးကစားကွင်းနှင့် ပန်းခြံနေရာသို့ ဇွန်လ ၂၇ ရက်နေ့ မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးဝန်ကြီးဦးတင်ဦးသည် တာဝန်ရှိသူများလိုက်ပါလျက် လာရောက်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့သည်။