ကာမိုင်းမြို့ မြို့မရပ်ကွက်အတွင်းရှိ ဘောလုံးကွင်းဘေးလမ်း လောရှာချောင်း ရေတိုက်စား၍ မြေထိန်းနံရံတည်ဆောက်

ကချင်ပြည်နယ် ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့ မြို့မရပ်ကွက်အတွင်းရှိ ဘောလုံးကွင်းဘေးလမ်း လောရှာချောင်းရေတိုက်စား၍ မြေထိန်းနံရံ အရှည်ပေ (၁၅၀)၊ အနက်(၂)ပေနှင့် အမြင့်(၅)ပေ စတင် တည်ဆောက်ခြင်းလုပ်ငန်းကို မြို့အုပ်ချုပ်ရေးမှူး ဦးသန့်ထိုက်နှင့် တာဝန်ရှိသူများက ကွင်းဆင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကျောက်တန်းမြို့နယ်၊ ရွှေပျောက်ကျေးရွာအုပ်စု၊ ကျိုက္ကမော့ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာမြစိမ်းရောင်လုပ်ငန်းအဖွဲ့ဖွဲ့စည်း

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာတစ်ရွာတစ်ယူနစ်ဖြင့် ဆက်လက်ဆောင်ရွက်ရန်အတွက်

ရွှေဘိုတက္ကသိုလ်တွင် မူးယစ်​ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်​ရောင်းဝယ်မှုတိုက်ဖျက်​ရေးဆိုင်ရာ အသိပညာ​ပေး​ဟော​ပြောပွဲအခမ်းအနား ကျင်းပ

စစ်ကိုင်းတိုင်း​ဒေသကြီး​ ရွှေဘိုတက္ကသိုလ်တွင် မူးယစ်​ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်​ရောင်းဝယ်မှုတိုက်ဖျက်​ရေးဆိုင်ရာ အသိပညာ​ပေး​ဟော​ပြော​ပွဲ အခမ်းအနားကို ယ​နေ့နံနက် ၁၀ နာရီချိန်က ရတနာင်္ဃခန်းမတွင်ပြုလုပ်ခဲ့​ကြောင်းသိရသည်။

ဘိုကလေးမြို့နယ်တွင် သက်သာသောဈေးနှုန်းဖြင့် ငါးမြစ်ချင်းများ ရောင်းချပေး

ပြည်သူများစားဝတ်နေရေး ချောင်ချိသက်သာစေရေးကိုရည်ရွယ်ကာ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ယနေ့နံနက် (၈) နာရီ၌ ဘိုကလေးမြို့မဈေးကြီးအနီးရှိ၊ စည်ပင်သာယာရေးအဖွဲ့ပိုင် ရုံးခန်းရှေ့၌ ငါးမြစ်ချင်းများအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိသည်။

ကျုံပျော်တွင် ယာဉ်အန္တရာယ် ကင်းဝေးရေး စစ်ဆေး အသိပညာပေးခြင်းများ ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်အတွင်း ယာဉ်အန္တရာယ်လျော့နည်းကျဆင်းရေး၊ ဘေးကင်းလုံခြုံစွာသွားလာနိုင်စေရန်ရည်ရွယ်၍ ယာဉ်အန္တရာယ်ကင်းဝေးရေး စစ်ဆေးအသိပညာပေးခြင်းကို ယမန်နေ့ကကျုံပျော်မြို့နယ်၊ အထောင်မြို့မြို့လယ်လမ်းမကြီး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြန်အောင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်သော ကွန်ကရစ်လမ်းခင်းခြင်း၊ Box Culvert ပြုလုပ်ခြင်းတို့အား ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်စည်ပင်သာယာ​ရေး အဖွဲ့၏ ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာ​ရေးနှစ်အတွင်း​ငွေလုံး​ငွေရင်း အသုံးစရိတ် ခွင့်ပြုရံပုံ​ငွေဖြင့် စိန်ဝတ်မှုံဖြတ်လမ်း (၁) ကွန်ကရစ်ခင်းခြင်း (၄၃၅'×၁၂'×၆") လုပ် ငန်း​ဆောင်ရွက်ခြင်းနှင့် Box Culvert (၂)စင်း တည်​ဆောက်ခြင်းလုပ်ငန်း​ ဆောင်ရွက်​နေမှုကို ယမန်နေ့က မြို့နယ်အုပ်ချုပ်​ရေးမှူး ဦးနေမင်းထွန်းနှင့် မြို့နယ် စည်ပင်​သာယာရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ ကွင်းဆင်းစစ်​ဆေးခဲ့ကြောင်း သိရသည်။ 

သာပေါင်းမြို့နယ်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အမှတ် (၃) ရပ်ကွက်တွင် စစ်ကြောင်းကြီး (၅) ကြောင်းဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ အမှတ် (၃) ရပ်ကွက်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်းဖြင့် ဒေသဖွံ့ဖြိုးတိုးတတ်ရေးလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြသည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်  ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများနှင့် တိုင်းဒေသကြီးအတွင်း အောင်ချက်အကောင်းဆုံးရရှိသည့် မြို့နယ်များအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားသို့တက်ရောက်

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား/သူများ နှင့် တိုင်းဒေသကြီးအတွင်း အောင်ချက်အကောင်းဆုံးရရှိသည့် မြို့နယ်များအား ဂုဏ်ပြုဆုချီး မြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က

တာချီလိတ်မြို့၌ မြန်မာ-တရုတ်-လာအို-ထိုင်း လေးနိုင်ငံ ချစ်ကြည်ရေးအားကစားပြိုင်ပွဲများကျင်းပ

မြန်မာ-တရုတ်-လာအို-ထိုင်း လေးနိုင်ငံချစ်ကြည်ရေး အားကစားပြိုင်ပွဲကို ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ ဝမ်ပုံကျေးရွာအုပ်စု ရေကြောင်းရဲတပ်ဖွဲ့ခွဲ (ဝမ်ပုံ) အားကစားကွင်း၌ ယမန်နေ့ နံနက် ၈ နာရီက အားကစားနည်း ၄ မျိုးဖြင့် ချစ်ကြည်ရေးအားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့သည်။

မိုးမောက်မြို့၌ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်တွင် ကျင်းပခဲ့ကြောင်းသိရသည်။
Subscribe to