နောင်ချိုမြို့နယ်တွင် တိရစ္ဆာန်အစာပင် နေဗီယာမြက် ကွင်းသရုပ်ပြ စိုက်ပျိုးခြင်းနှင့် တောင်သူအသိပညာပေးဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၌ မွေးမြူရေး ကျွဲ၊ နွား တိရိစ္ဆာန်များအတွက် အစာအာဟာရ ပြည့်ဝသော တိရိစ္ဆာန်အစာပင် နေဗီယာမြက်ကို စနစ်တကျတွင်ကျယ်စွာ စိုက်ပျိုးကျွေးမွေးနိုင်စေရန်နှင့် ဒေသတွင်းနွားမွေးမြူထုတ်လုပ်မှု ဖွံ့ဖြိုးစေရေးအတွက် တောင်သူပညာပေး ကွင်းသရုပ်ပြ စိုက်ပျိုးခြင်းကိုယမန်နေ့ နံနက်ပိုင်းက ရှောက်ခြုံကျေးရွာရှိ စိုက်ပျိုးရေးနှင့်နွားမွေးမြူရေး တွဲဖက်လုပ်ကိုင်သူ တောင်သူဦးမောင်မောင်ကြီး၏ ယာမြေအတွင်း၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ငဖဲမြို့နယ်အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ဂါလန် ၂၀၀ ဆံ့ မိုးရေခံကွန်ကရစ်ကန် (၁၃၆)လုံး ဝင်္ဂဘာကျေးရွာသို့ လွှဲပြောင်းပေးအပ်ပွဲကျင်းပ

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံ Climate Change Centre (CCC)၊ (CSR) ၏ အစီအစဉ်ဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ပူးပေါင်းဆောင်ရွက်သည့် မင်းလွင်ကျေးရွာအုပ်စု ဝင်္ဂဘာကျေးရွာတွင် ဂါလန် ၂၀၀ ဆံ့ မိုးရေခံကွန်ကရစ်ကန် (၁၃၆) လုံးကို အိမ်တိုင်ရာရောက်ပြုလုပ်ပေးလျက်ရှိရာ လုပ်ငန်းအားလုံးရာနှုန်းပြည့် ပြီးစီးပြီဖြစ်၍ ကျေးရွာသို့လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ကျေးရွာဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ငဖဲမြို့နယ်အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ဂါလန် ၂၀၀ ဆံ့ မိုးရေခံကွန်ကရစ်ကန် (၁၃၆)လုံး ဝင်္ဂဘာကျေးရွာသို့ လွှဲပြောင်းပေးအပ်ပွဲကျင်းပ

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံ Climate Change Centre (CCC)၊ (CSR) ၏ အစီအစဉ်ဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ပူးပေါင်းဆောင်ရွက်သည့် မင်းလွင်ကျေးရွာအုပ်စု ဝင်္ဂဘာကျေးရွာတွင် ဂါလန် ၂၀၀ ဆံ့ မိုးရေခံကွန်ကရစ်ကန် (၁၃၆) လုံးကို အိမ်တိုင်ရာရောက်ပြုလုပ်ပေးလျက်ရှိရာ လုပ်ငန်း အားလုံးရာနှုန်းပြည့် ပြီးစီးပြီဖြစ်၍ ကျေးရွာသို့လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ကျေးရွာဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြောင်းမြမြို့ အ.ထ.က(၆) တွင် ယာဥ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် မြောင်းမြမြို့တွင် ယာဥ်အန္တရာယ်လမ်းအန္တရာယ် ကင်းရှင်းရေးအတွက် အသိပညာပေးဟောပြောပွဲကို ယမန်နေ့နေ့လယ် ၁၂:၀၀ အချိန်က အ.ထ.က (၆)၊ စစ်တောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ အမျိုးသမီးအိမ်တွင်းမှုသက်မွေးပညာ သင်တန်းကျောင်းတွင် မူးယစ်ဆေးဝါး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြော

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးပညာ သင်တန်းကျောင်းတွင် မူးယစ်ဆေးဝါး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန် အဆိုပါ ကျောင်းခန်းမတွင် ပြုလုပ်ခဲ့သည်။

ဖြူးမြို့နယ်တွင်၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်သူများအား ပညာရည်ချွန်ဆုပေးအပ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျာင်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်သူများအား ပညာရည်ချွန် ဆုပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။

လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန Community Centre တွင် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်(အကြို) ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းကျင်းပသည့် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် ဆေးရောင်ခြယ် ပြိုင်ပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန ( Community Centre – Lashio ) တွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်သည်။

ဟိုပန်၌ ငလျင်ဘေးဇာတ်တိုက် လေ့ကျင့်နိုင်ရေးလုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲကျင်းပ

"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်တွင် ငလျင်ဘေးအန္တရာယ် ကျရောက်လာပါက ကြိုတင်ကာကွယ်နိုင်ရန် ဇာတ်တိုက်လေ့ကျင့်နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ(၂)နာရီက အခြေခံပညာအထက်တန်းကျောင်း(ဟိုပန်)၊ ရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် သူနာပြုသင်တန်းကျောင်း(မကွေး) အပတ်စဉ်(၂၇) ပထမနှစ် သူနာပြု-သားဖွားဒီပလိုမာ (၃)နှစ် သင်တန်းသား/သင်တန်းသူ (၉၁) ဦးတို့၏ ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းခြင်း၊ ပညာရည်ထူးချွန်ဆုချီးမြှင့်ခြင်းနှင့် မောင်မယ်သစ်

ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန သူနာပြုနှင့် သားဖွား သင်တန်းကျောင်း(မကွေး) အပတ်စဉ်(၂၇)ပထမနှစ်၊ သူနာပြု-သားဖွားဒီပလိုမာ(၃)နှစ် သင်တန်းသား/သင်တန်းသူ(၉၁)ဦးတို့၏ ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းခြင်း၊ ပညာရည်ထူးချွန်ဆုချီးမြှင့်ခြင်းနှင့် အပတ်စဉ် (၂၈)ပထမနှစ် (ဒုတိယအသုတ်) သူနာပြု-သားဖွားဒီပလိုမာ (၃)နှစ် သင်တန်းသား/သင်တန်း သူ(၆၀)ဦးတို့၏ မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားကို ဇွန်လ ၂၇ ရက်နေ့ နံနက် ၁၀ နာရီက မကွေးမြို့မြို့တော်ခန်းမ၌ ကျင်းပရာ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်ဦးခွန်စံလွင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ရွှေမိုင်းစိတ် မြေသြဇာစက်ရုံဖွင့်ပွဲတက်ရောက်

ရှမ်းပြည်နယ် (တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ရွှေမိုင်းစိတ်မြေသြဇာစက်ရုံဖွင့်ပွဲကို ဇွန်(၂၈)ရက်နံနက်(၁၀)နာရီက ဆိုက်ခေါင်-မောက်မယ်သွား ကားလမ်းဘေး၊ ဆိုက်ခေါင်ကျေးရွာ၌ ကျင်းပသည်။
Subscribe to