ဟိုင်းကြီးကျွန်းမြို့၌ ဒေသခံပြည်သူများစားဝတ်နေရေး သက်သာချောင်ချိရေးအတွက် အခြေခံ စားသောက်ကုန်ပစ္စည်းများအား စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ဒေသခံပြည်သူများ စားဝတ်နေရေး သက်သာချောင်ချိရေးအတွက် အခြေခံစားသောက်ကုန်ပစ္စည်းများ စျေးနှုန်းသက်သာစွာဖြင့် ရောင်းချခြင်းကို ယမန်နေ့နံနက် (၀၈း၀၀)နာရီအချိန်တွင် ဟိုင်းကြီးကျွန်းမြို့ အမှတ်(၃)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအရှေ့၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။