သံတောင်ကြီးမြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင် ပြသဆောင်ရွက်

သံတောင်ကြီး ဇွန် ၃၀

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဒေသခံပြည်သူများ၊ ကျောင်းသူကျောင်းသားများ၊ လူငယ်လူရွယ် များ မူးယစ်ဆေးဝါးအန္တရာယ်ကို သိရှိစေရန်အတွက်   မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး  နံရံကပ်စာ စောင်ကို ယနေ့နံနက်ပိုင်း (၁၀) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့တွင် ပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးနံရံကပ်စာစောင်တွင် မြန်မားနိုင်ငံသို့ ဘိန်းစတင်ရောက်ရှိလာခြင်း၊ မြန်မာ မင်းများလက်ထက် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး အမိန့် တော်ထုတ်ပြန်ပုံ၊ မူးယစ်ဆေးဝါးဆိုသည်မှာ၊ စွဲစေတတ်သောဆေးများ၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ တားဆီးကာကွယ်ရေးလုပ်ငန်း များ၊ တန်ဖိုးရှိလှလူငယ်ဘဝ မူးယစ်ကင်းစင်ကျန်းမာမှ၊ ကျောင်းသား လူငယ်များ သိရှိလိုက်နာသင့်သည့်အချက်များ၊ လူငယ်လူရွယ်များ ဆေးသုံးစွဲရာမှ စွဲစေတတ်သောဆေးဝါးများ စသည့်အကြောင်းအရာများကိုပြသခဲ့ရာ ကျောင်းသားကျောင်းသူများ၊   လူငယ်လူရွယ်များ ဒေသခံပြည်သူများက  စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

နော်နော်မူ