ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့စီးပွားရေးဝန်ကြီး ဒိုက်ဦးမြို့တွင်ဆောက်လုပ်မည့် ကလေးကစားကွင်းနှင့် ပန်းခြံနေရာသို့ကြည့်ရှုစစ်ဆေး

ဒိုက်ဦး ဇွန် ၃၀

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့ မြို့အဝင်ကန်တော်မင်္ဂလာတာဆုံတွင် ဆောက်လုပ်မည့်ကလေးကစားကွင်းနှင့် ပန်းခြံနေရာသို့ ဇွန်လ ၂၇ ရက်နေ့ မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးဝန်ကြီးဦးတင်ဦးသည် တာဝန်ရှိသူများလိုက်ပါလျက် လာရောက်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့သည်။

အဆိုပါလာရောက်ကြည့်ရှုစစ်ဆေးရာသို့ ဒိုက်ဦးမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဆန်းဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှတာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြသည်။

ယခုဆောက်လုပ်မည့် ကလေးကစားကွင်းနှင့် ပန်းခြံနေရာသည် အနံ ၄၅ ပေ၊ အလျား ၂၃၀ ပေရှိကြောင်းသိရသည်။

မြို့နယ် (ပြန်/ဆက်)