သရက်ချောင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/သူများအား ကိုဗစ်–၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေး ကွင်းဆင်းထိုးနှံပေး

နိုင်ငံတစ်ဝန်း ကိုဗစ်–၁၉ ရောဂါပြန်လည်ဖြစ်ပွားနေသည့်အတွက် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်း ကိုဗစ်–၁၉ရောဂါဖြစ်ပွားမှု လျော့နည်းစေရေးအတွက် ကိုဗစ်–၁၉ရောဂါကာကွယ်ဆေးရာနှုန်းပြည့် ထိုးနှံနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၉နာရီခွဲအချိန်က အခြေခံပညာ(အ-ထ-က)သရက်ချောင်းကျောင်းတွင် ကွင်းဆင်းထိုးနှံပေး လျက်ရှိသည်။

ညောင်ဦးမြို့နယ် လေးတဲစုတဲတိုက်သို့ သောက်သုံးရေဂါလံ  ၁၆၀၀ လှူဒါန်း

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်  လေးတဲစုတဲတိုက်သို့သို့ဝေမျှခြင်း ပရဟိတ မိသားစုက ယနေ့နံနက် ၁၁ နာရီ အချိန်က သောက်သုံးရေ ၁၆၀၀ ဂါလံသွားရောက် လှူဒါန်းပေးခဲ့ကြောင်း ညောင်ဦးမြို့နယ် ‌အေးမေတ္တာရေအလှူတော် အသင်း ဦးဝင်းမင်းထွန်းထံက သိရ သည်။

လွိုင်လင်မြို့ အ.ထ.က(၃)တွင် ငလျင်ဘေးအန္တရာယ် သဏ္ဌန်တူ ဇာတ်တိုက်လေ့ကျင့်မှုပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်မြို့၊ အ.ထ.က(၃)ကျောင်းတွင် ငလျင်ဘေးအန္တရာယ် သဏ္ဌန်တူဇာတ်တိုက်လေ့ကျင့်ခြင်းကို‌ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မီးသတ်ဦး စီးဌာနနှင့် ကြက်ခြေနီတပ်ဖွဲ့တို့ ပူးပေါင်း၍ ယနေ့နံနက်(၉)နာရီက ပြုလုပ်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော် ခရီးသွားလုပ်ငန်းကော်မတီ ၆/၂၀၂၃ ကြိမ်မြောက်အစည်းအဝေး တက်ရောက်၊ အကျဉ်းထောင်ရှိတာဝန်ရှိသူများအားတွေ့ဆုံ၍ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ လိုအပ်ချက်များအား ပံ့ပိုးဖြည့်ဆည်းပေး

စစ်ကိုင်းတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ၆/၂၀၂၃ ကြိမ်မြောက် အစည်းအဝေးကို ဇွန်လ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်၊ ဒုတိယဥက္ကဌ တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ တိုင်းဒေသကြီး ခရီးသွားလုပ်ငန်းကော် မတီအတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ လုပ်ငန်းရှင်များ တက်ရောက်ကြသည်။

ပေါင်းတည်မြို့နယ် မိုးစပါးစိုက်ပျိုးရေး၌ စက်မှုလယ်ယာစနစ်ဖြင့် ထွန်ယက်စိုက်ပျိုးမှုများပြား

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ မိုးစပါးစိုက်ပျိုးရာတွင် မြို့နယ်စိုက်ပျိုးမှု ကြီးကြပ်ရေးကော်မတီနှင့် စိုက်ပျိုးတောင်သူများ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ လယ်ယာကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် စက်မှုလယ်ယာစနစ်ဖြင့် ထွန်ယက်စိုက်ပျိုးမှု ပိုမိုများပြားလာကြောင်း စက်မှုလယ်ယာဦးစီးဌာနမှ သိရသည်။

ပန်းတနော်မြို့နယ် မင်းတစုသဘာဝမြစ်ချောင်းအတွင်းသို့ ငါးမျိုးများစိုက်ထည့်

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးမျိုးများပြုန်းတီးမှု မဖြစ်ပေါ်စေရေး၊ ဒေသခံပြည်သူများ၏ ငါးရိက္ခာဖူလုံစေရေးတို့အတွက် မင်းတစုကျေးရွာရှိ မင်းတစုသဘာဝမြစ်ချောင်းအတွင်းသို့ ယနေ့နံနက် ၉ နာရီက ငါးသားပေါက်ကောင်ရေ လေးသိန်းစိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ဦးဆောင်၍ စိုက်ပျိုးရေးသိပ္ပံ(မြစ်ကြီးနား)ကျောင်းဝင်း အတွင်း ၂၀၂၃ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုး

ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်မှုဖြင့် စိုက်ပျိုးရေးသိပ္ပံ (မြစ်ကြီးနား)ကျောင်းဝင်း အတွင်း၌ ၂၀၂၃ ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ဇွန် ၃၀ ရက် နံနက် ၈ နာရီက မြစ်ကြီးနားမြို့၊ မော်ဖောင်းကျေးရွာအတွင်းရှိ အဆိုပါကျောင်းဝင်းအတွင်း မွေးမြူရေးဇုံနေရာမြေကွက်လပ်၌ ကျင်းပပြုလုပ်သည်။

လပွတ္တာမြို့နယ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့်ဝန်ထမ်းမိသားစုများအား (Biometric Data) ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူခြင်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လပွတ္တာမြို့နယ်ဦးစီးမှူးရုံးတွင် ယမန်နေ့နံနက်ပိုင်းက ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအား ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည်။

ဖျာပုံမြို့၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အလှပြင်သင်တန်းဆင်းပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ဖျာပုံမြို့အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းနှင့် PTTEP International Limited (Yangon Branch) တို့ ပူးပေါင်းဖွင့်လှစ်သော အသက်မွေး ဝမ်းကျောင်း အထောက်အကူပြု " အလှပြင်သင်တန်းဆင်းပွဲ အခမ်းအနားကို ဇွန်လ (၃၀) ရက်နေ့ နံနက် (၁၀) နာရီအချိန်က ဖျာပုံမြို့အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်ကျောင်းခန်းမ၌ကျင်းပပြုလုပ်သည်။
Subscribe to