၂၀၂၃ ခုနှစ်၊ တိုင်းဒေသကြီး/ပြည်နယ် အသက် (၁၈) နှစ်အောက်(အမျိုးသား)ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ အောင်မြေမန္တလာကွင်းတွင် ကျင်းပ

၂၀၂၃ ခုနှစ်၊ တိုင်းဒေသကြီး/ပြည်နယ် အသက် (၁၈) နှစ်အောက်(အမျိုးသား)ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ အောင်မြေမန္တလာကွင်းတွင် ကျင်းပ အောင်မြေသာစံ ဇွန် ၃၀ မြင့်မော်ထွန်း

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ဇီဝဆိုင်ရာအချက်အလက်(Biometric Data) ကောက်ယူစိစစ်ခြင်းနှင့် Unique ID ထုတ်ပေးခြင်း လုပ်ငန်းများဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် နိုင်ငံသားတစ်ဦးချင်း၏ ကိုယ်ရေးအချက်အလက်နှင့်ဇီဝဆိုင်ရာအချက်အလက်(Biometric Data)ကောက်ယူခြင်းအခမ်းအနားကို ဇွန်လ ၂၇ ရက်နေ့နံနက်(၁၀)နာရီ၌ မြို့နယ်လူ၀င်မူကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား၀န်ကြီးဌာနရုံး၌ ဆောင်ရွက်ပေးလျက်ရှိသည်။

မအီမြို့ အ- ထ- က(ခွဲ) ဂျီဖြူတောင်တွင် သင်ကြားရေး အထောက်အကူပြုပစ္စည်းများနှင့် သောက်ရေသန့်များအား ဒေသခံပြည်သူများက ဖြည့်စွက်လှူဒါန်း

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့၊ ဂျီဖြူတောင်ကျေးရွာ၊ အထက်တန်းကျောင်း(ခွဲ)တွင် သင်ကြားရေး အထောက်အကူပြုပစ္စည်းများနှင့် ကျောင်းသား၊ ကျောင်းသူများ သောက်သုံးရန် သောက်ရေသန့်များကို ဒေသခံပြည်သူ စေတနာရှင်များက ဖြည့်စွက်လှူဒါန်းလျက်ရှိကြောင်း အဆိုပါ အ- ထ- က(ခွဲ) ကျောင်းအုပ်ဆရာကြီး ဦးဇော်ဇော်ထွန်းမှ သိရသည်။

ဇမ္ဗူသီရိမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ စာဖတ်ဝိုင်း ကျင်းပဆွေးနွေး

စာအုပ်စာပေများဖတ်ရှုလေ့လာခြင်းဖြင့် ရရှိသည့်အတွေးအမြင် ဗဟုသုတများကို စာဖတ်သူအချင်းချင်း ဖလှယ်ဆွေးနွေးနိုင်ရန်အတွက် နေပြည်တော်စာရေးဆရာများ၊ စာရေးဆရာမများနှင့် စာပေဝါသနာရှင်များက စာရေးဆရာ ကျော်ကျော်လှိုင် ရေးသားသည့် "ပျော်ရွှင်ခြင်း" စာအုပ်ဖြင့် ယမန်နေ့နံနက် (၁၀) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဇမ္ဗူသီရိမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်း ဆွေးနွေးပွဲ ကျင်းပသည်။

မိုင်းလုံမြို့ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် စကားပုံဆက်ပြိုင်ပွဲကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတွင် က‌‌လေးငယ်များ ကျောင်းပိတ်ရက်တွင် ပျော်ရွှင်စေရန် စကားပုံဆက်ပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက်(၁၀)နာရီခွဲအချိန်ခန့်က ကျင်းပဆောင်ရွက်ခဲ့သည်။

တနင်္သာရီမြို့နယ်၌ ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်အတွက် ဒေသန္တရစီမံကိန်းတာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်တွင် ၂၀၂၃-၂၀၂၄ခု၊ဘဏ္ဍာရေးနှစ်အတွင်း စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ဌာနဆိုင်ရာများအလိုက်နှင့် ဒေသန္တရစီမံကိန်းလုပ်ငန်းတာဝန်များ ပေးအပ်ပွဲအခမ်းအနားကို ဇွန်လ ၂၈ ရက် မွန်းလွဲ ၁ နာရီအချိန်က မြို့နယ်အထွေ‌ထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမအတွင်း ကျင်းပပြုလုပ်ခဲ့သည်။

ဇူလိုင်လ ၁ရက်နေ့တွင် ကျရောက်သောနှစ် (၁၀၀) ပြည့် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ (အကြို) လှုပ်ရှားမှုအတွက် အသင်းသားများအား ထောက်ပံ့ပစ္စည်းပေးအပ်ပွဲပြုလုပ်

၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့တွင် ကျရောက်သော နှစ် (၁၀၀) ပြည့် အပြည်ပြည်ဆိုင်ရာ သမ ဝါယမနေ့အကြိုလှု ပ်ရှားမှုအတွက် အသင်းသားများအား ထောက်ပံပစ္စည်းပေးအပ်ပွဲကို ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးခရိုင် သိန္နီမြို့၌ ယနေ့ နံနက်ပိုင်းအချိန်က ဆောင်ရွက်ခဲ့သည်။

အောင်လံမြို့နယ်၌ တိရစ္ဆာန်အစာပင် မြက်တစ်ဧကကို တောင်သူပညာပေး အကောင်အထည်ဖော် စိုက်ပျိုး

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်တွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေသအတွင်းရှိ တောင်သူများ မွေးမြူထားသည့် တိရစ္ဆာန်များ အတွက် အစာဖူလုံစေရန်ရည်ရွယ်၍ ၂၀၂၃ ခုနှစ် ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျော်စွာကျေးရွာ၌ မြက်တစ်ဧကကို တောင်သူပညာပေး အကောင် အထည်ဖော်စိုက်ပျိုးခဲ့ကြောင်း သိရသည်။

ဘားအံမြို့ ဒုံရင်းသဘာဝစမ်း ရေတံခွန်၌ ငါးမျိုးများစိုက်ထည့်

ဘားအံမြို့ ဒုံရင်းသဘာဝစမ်း ရေတံခွန်၌ ငါးမျိုးများစိုက်ထည့် ဘားအံ ဇွန်၂၉ စောမျိုးမင်းသိန်း (ပြန်/ဆက်)
Subscribe to