ပျဉ်းမနားမြို့နယ်၌ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်၊ စာစောင်များငှားရမ်းပေး

ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများ လက်ဝယ်အရောက် စာအုပ်များ လိုက်လံငှားရမ်းပေးမှုကို ရပ်ကွက်‌/ကျေးရွာများအရောက် လိုက်လံငှားရမ်း‌ပေးနေလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မြို့နယ်ရုံးဝန်ထမ်းများက မြောက်လွတ်ကုန်း ကျေးရွာသို့ သွားရောက်ငှားရမ်း ပေးကြသည်။

အခြေခံစားသောက်ကုန်ပစ္စည်းများ ပြည်သူများထံသို့ သက်သာသောဈေးနှုန်းဖြင့် ရောင်းချခြင်း

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့အတွင်းရှိ ပြည်သူများ စားဝတ်နေရေး အဆင်ပြေချောမွေ့စေရေးအတွက် အခြေခံစားသောက်ကုန်များကို ဈေးနှုန်းလျော့ချ၍ ယနေ့နံနက် (၀၇:၀၀)နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ရောင်းချပေးခဲ့ကြောင်း သိရသည်။

မန်တုံမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း၌ (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲဆောင်ရွက်

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ ယမန်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် အာဇာနည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မန်တုံမြို့နယ် အခြေခံပညာအထက်တန်းကျောင်း ရွှေလီခန်းမ၌ ယမန်နေ့က အာဇာနည်နေ့ ဟောပြောပွဲကို ပြုလုပ်ကျင်းပခဲ့သည်။

ပုဏ္ဏားကျွန်းမြို့၌ ၇၆ နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်၊ ဆွမ်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၌ ၇၆ နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် နေ့ဆွမ်း ဆက်ကပ်လှူဒါန်းပွဲကို ပုဏ္ဏားကျွန်းမြို့သို့ ရောက်ရှိနေသော ဗိုလ်မှူးချုပ်ဝင်းမောင် ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ယမန်နေ့ နံနက် ၉ နာရီ ၁၅ မိနစ်က ပုဏ္ဏားကျွန်းမြို့၊ မြို့မပရိယတ္တိကျောင်းတိုက်၊ သုခါဝသ ကျောင်းတော်ကြီး မြေညီထပ်၌ကျင်းပခဲ့သည်။

ကလေးမြို့၌ DLMS Software အသုံးပြုနည်း ဆင့်ပွားသင်တန်းဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများအား Digital Library စနစ်အသုံးပြုတတ်စေရန် ရည်ရွယ်၍ Digital Library Management System (DLMS) အသုံးပြုနည်း ဆင့်ပွားသင်တန်းကို ယနေ့ နံနက် ၁၀ နာရီက ကလေးခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ကျင်းပဖွင့်လှစ်ခဲ့သည်။

မလှိုင်မြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေ

မန္တလေးတိုင်း‌ဒေသကြီး မလှိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့မွန်းလွဲပိုင်းက အခြေခံပညာအထက်တန်းကျောင်း(မလှိုင်)နှင့် အခြေခံပညာအထက်တန်းကျောင်း( မြို့သစ်)  ကျောင်းများသို့ သွားရောက်၍ ကျောင်းသား/သူများအား နှာခေါင်းစည်း Mask များ အခမဲ့သွားရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကနှင့်အဖွဲ့ ကံမမြို့နယ်မှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်နေသော ဒေသခံတောင်သူများနှင့်တွေ့ဆုံ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးတင်မျိုးလတ်နှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ ပါဝင်သောအဖွဲ့သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့ နေ့လယ်(၁၀)နာရီက ကံမမြို့နယ် စီကျေးရွာအုပ်စု၊ ကွင်းအမှတ် (၈၉၂)ကွင်းသို့ရောက်ရှိပြီး နွေစပါးရိတ်သိမ်းခြင်းနှင့် မိုးစပါးစိုက်ပျိုးနိုင်ရေး ပြန်လည်ထွန်ယက်နေမှုများကို ကြည့်ရှုအားပေးပြီးနောက် စီကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်နေသော နွေစပါးဧက (၁၀၀၀)စီမံကိန်းအတွင်း ပါဝင်သည့် ဒေသခံတောင်သူများနှင့် တွေ့ဆုံခဲ့သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း  မြောက်ဦးခရိုင်အတွင်း ပြန်လည်ထူထောင်ရေးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများပိုမိုတိုးချဲ့ဆောင်ရွက်နိုင်ရန်အတွက် ကွင်းဆင်းဆောင်ရွက်

ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းသည် ဒုတိယဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဇူလိုင်လ ၁၈ ရက်နေ့ နံနက်ပိုင်းက မြောက်ဦးခရိုင်အတွင်း ပြန်လည်ထူထောင်ရေးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများပိုမိုတိုးချဲ့ ဆောင်ရွက်နိုင်ရန်အတွက် ကွင်းဆင်းပြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံကြသည်။

ပင်လုံမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန တို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ပင်လုံမြို့ အ.ထ.က(၁)ကျောင်း၌ ယနေ့နံနက် (၁၁)နာရီအချိန်က ကျင်းပဆောင်ရွက်ခဲ့ပါသည်။ ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အိမြတ်နိုးသူမှ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် အသိပညာ၊ အတတ်ပညာကို သင်ယူခြင်း၊ ခံယူခြင်း ခေါင်းစဉ်အောက်မှ သိရုံမျှအတတ်ပညာကို သင်ယူခြင်းခံယူခြင်း (Learning to know)၊ တတ်မြောက်စေ​ရန် အတတ်ပညာကိုသင်ယူခံယူခြင်း (Learning to do)၊ အတူတကွရှင်သန်နေထိုင်ရေးအတွက် သင်ယူခံယူခြင်း (Learning to live together) နှင့် မိမိဘဝကိုအပြည့်အဝ ဖန်တီးနိုင်အောင်သင်ယူခံယူခြင်း ( Learning to be) အချက်(၄)ချက်ကို အသေးစိတ်ရှင်းလင်း ပြောကြားခဲ့ပါသည်။

(၇၆) နှစ်မြောက် အာဇာနည်နေ့၌ သံဃာတော် အရှင်သူမြတ်တို့အား ဆွမ်း အစရှိသည်များ ဆက်ကပ်လှူဒါန်း

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ အထွေထွအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ယမန်နေ့နံနက် ၁၀နာရီက ပင့်သံဃာတော် အရှင်သူမြတ် တို့အား (၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ကျဆုံးလေပြီသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ကြီးများကို ရည်စူး၍ ဆွမ်းကပ်သာဓုအနု မောဒနာ ခေါ်ဆိုခဲ့ကြသည်။
Subscribe to