ပွင့်ဖြူမြို့နယ်တွင် စပျစ်သီးနှံ စိုက်ပျိုးရေးလုပ်ငန်း အောင်မြင်ဖြစ်ထွန်း၍ ဒေသခံတောင်သူများ တိုးချဲ့ စိုက်ပျိုးလုပ်ကိုင်လာ
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် တစ်ပိုင်တစ်နိုင် စပျစ်သီးနှံစိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ကြသူများ အောင်မြင်ဖြစ်ထွန်းမှု ရှိ၍ ယခုနှစ်တွင် ဒေသခံတောင်သူများက သီးနှံဝင်ငွေ တိုးပွားစေရေးအတွက် စပျစ်သီးနှံ စိုက်ပျိုးရေးလုပ်ငန်းအား တိုးချဲ့စိုက်ပျိုးလုပ်ကိုင်လာကြကြောင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများထံမှ သိရသည်။