ရွှေဘိုမြို့တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ
လူငယ်မောင်မယ်လေးများ အသိဉာဏ်ပညာ ဗသုတနှင့်ပြည့်စုံပြီး လူတော်လူကောင်းများ ဖြစ်လာစေရန်ရည်ရွယ်၍ ရွှေဘိုခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာတို့ ကျောင်းတို့ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲနှင့်ဆုချီးမြှင့်ပွဲကို ယနေ့မွန်းလွဲပိုင်းက အ.မ.က(၁၁) ကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။