ကျွန်းလှမြို့နယ်၌ မိုးစပါးမျိုးစေ့ထုတ်စံပြကွက် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကျင်းပ

ကျွန်းလှမြို့နယ်၌ မိုးစပါးမျိုးစေ့ထုတ်စံပြကွက် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကျင်းပ ကျွန်းလှ ဇူလိုင် ၂၀ မျိုးဝင်းညို

ကျိုင်းတုံမြို့၌ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကျင်းပ

ညှိနှိုင်းအစည်းအဝေးကျင်းပကျိုင်းတုံမြို့၌ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျိုင်းတုံခန်းမတွင် ကျင်းပသည်။

ဆီဆိုင်မြို့ အောင်ချမ်းသာရပ်ကွက်တွင် MSMEs လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် MSMEs လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက အောင်ချမ်းသာရပ်ကွက်၌ ပြုလုပ်သည်။

ကျိုက်ဒုံမြို့၌ (၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး (TalkShow) ဆွေးနွေးပွဲ ကျင်းပ

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့တွင် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၉ရက်နေ့တွင် ကျရောက်သည့် (၇၆) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး (Talk show) ကို ယမန်နေ့နံနက် ၁၀ နာရီက ကျိုက်ဒုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။

ပြင်ဦးလွင်ခရိုင် ပြည်သူ့စာကြည့်တိုက်တွင် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စက္ကူခေါက်ပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲများ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စက္ကူခေါက်ပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်မှစတင်၍ ကျင်းပပြုလုပ်ခဲ့သည်။

တောင်သာမြို့နယ်၌ စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းဆောင်ရွက်

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားလာစေရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးရေး မဟာဗျူဟာ၏ ပြည်သူများတိုက်ရိုက်ရေးဆွဲအကောင်အထည်ဖော်သော ကိုယ်ထူကိုယ်ထ ကျေးလက်ဖွံ့ဖြိုးရေးစီမံချက်အရ ကျေးရွာနေပြည်သူများကိုယ်တိုင် ကျေးရွာများ၏ ပကတိလိုအပ်ချက်များဖော်ထုတ်ပြီး ကဏ္ဍအလိုက်ဖွံ့ဖြိုးရေးအစီအစဉ်များကို စနစ်တကျစုပေါင်းပြီး ကဏ္ဍပေါင်းစုံပါဝင်သည့် ဖွံ့ဖြိုးရေးအစီအစဉ်တစ်ရပ်ဖြစ်ပေါ်လာစေရန် ရွယ်ရွယ်ချက်ဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေလုပ်ငန်းစီမံချက် (VFP)ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သီပေါမြို့နယ်၌ (၁၄)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာသီလရှင် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မြို့လယ်ဓမ္မာရုံမဟာသာသနာ့ ဗိမာန်တော်ကြီး၌ ယနေ့နံနက်(၉)နာရီက ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဂေါပကအဖွဲ့ဝင်များ၊ စေတနာရှင်အလှူရှင်များတွေ့ဆုံ၍ (၁၄)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ သီလရှင်ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to