ငါးသိုင်းချောင်း ဇူလိုင် ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့အတွင်းရှိ ပြည်သူများ စားဝတ်နေရေး အဆင်ပြေချောမွေ့စေရေးအတွက် အခြေခံစားသောက်ကုန်များကို ဈေးနှုန်းလျော့ချ၍ ယနေ့နံနက် (၀၇:၀၀)နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ငါးသိုင်းချောင်းမြို့တွင် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ပြည်သူများစားဝတ်နေရေး အဆင်ပြေချောမွေ့စေရေးနှင့် ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးအတွက် ရည်ရွယ်ပြီး ဆန် တစ်ပြည်လျှင် (၂၀၀၀)ကျပ်နှုန်းဖြင့် (၂၄၀)ပြည်၊ ဆီတစ်ပိဿာလျှင် (၄၄၀၀)ကျပ်နှုန်းဖြင့် ဆီ(၁၁၀)ပိဿာ၊ ဝက်သားတစ်ပိဿာလျှင် (၁၃၀၀၀)ကျပ်နှုန်းဖြင့် ဝက်(၂၀)ပိဿာ၊ ကြက်ဥတစ်လုံးလျှင် (၂၅၀ )နှုန်းဖြင့် ကြက်ဥ (၆၀၀)လုံးတို့ကို ဈေးနှုန်းလျော့ချ၍ ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။
ငါးသိုင်းချောင်း(ပြန်/ဆက်)