ဗန်းမောက်မြို့၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ စာရေးဆရာ နတ်သျှင် (ရွှေဂူ) ရေးသားထားသည့် "လူငယ်များကို ပြုစုပျိုးထောင်ပေးပါ" စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ဇူလိုင်လ ၁၈ ရက်နေ့ မွန်းလွဲ (၁)အချိန်က ဆောင်ရွက်ခဲ့သည်။

မြင်းခြံမြို့၌ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး (QGIS) ရေးဆွဲနည်းသင်တန်းဆင်းပွဲ ပြုလုပ်

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန မြင်းခြံခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ဝန်ထမ်းဆိုင်ရာ စွမ်းဆောင်ရည် မြှင့်တင်ရေး (QGIS) ရေးဆွဲ နည်း သင်တန်းဆင်းပွဲကို ယနေ့ နံနက် (၁၀) နာရီ အချိန်က အဆိုပါရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့်တာဝန်ရှိသူများ ကျောက်ဖြူမြို့ ဒေသခံပြည်သူများအား ကြက်သား၊ ဘဲသားနှင့် ကြက်ဥ၊ဘဲဥများ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုနှင့် မိုးစပါးစိုက်ပျိုးရန် ကွင်းသရုပ်ပြပွဲ ဆောင်ရွက်သည့်အခမ်းအနားသို့ သွားရောက်ကြည့်ရှုအားပေး

ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့်တာဝန်ရှိသူများသည် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းက ဓညဝတီရေတပ်စခန်းဌာနချုပ်မှ ကျောက်ဖြူမြို့ ဒေသခံပြည်သူများအား ကြက်သား၊ ဘဲသားနှင့် ကြက်ဥ၊ ဘဲဥများကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုအား ကြည့်ရှုအားပေးပြီး မိုးစပါးစိုက်ပျိုးရန် ကွင်းသရုပ်ပြပွဲဆောင်ရွက်သည့် အခမ်းအနားသို့ သွားရောက်ကြည့်ရှုအားပေးသည်။

သံတွဲမြို့တွင် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန် ဖုံး၊သွန်၊လဲ၊စစ် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်တွင် ခြင်ကိုက်ခံရခြင်းကြောင့်ဖြစ်ပွားသည့် သွေးလွန်တုပ်ကွေး ရောဂါမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယနေ့ နံနက် ပိုင်းက အမှတ် (၈) ရပ်ကွက်အတွင်း အဘိတ်ဆေးခတ်ခြင်း၊ ရေတွင်းရေကန်များစစ်ဆေးခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ခြင်း၊ သွေးလွန် -တုပ်ကွေးရောဂါ အသိပညာပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ကြသည်။

မိုးညှင်းမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲ ကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယနေ့ နံနက် (၉)နာရီခွဲက အမှတ်(၁) အခြေခံ ပညာ အထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ကျင်းပသည်။

သာစည်မြို့နယ် အခြေခံဘော်လီဘော အားကစားနည်းသင်တန်းတွင် သင်တန်းသား ၂၀၀ ကျော်အား ဆက်လက်ပို့ချပေး

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သော အခြေခံဘော်လီဘော အားကစားနည်းသင်တန်းတွင် သင်တန်းသား ၂၀၀ ကျော် တက်ရောက် သင်ယူလျက်ရှိကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဝင်းထွန်းဦး (မြန်မာနိုင်ငံဘော်လီဘောလက်ရွေးစင်အသင်းနည်းပြ)ထံက သိရသည်။

ဗန်းမော်ခရိုင် (Community Centre) ခန်းမ၌ စာအုပ်ဖြင့်စာဖတ်ဝိုင်းကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနက ဦးဆောင်၍ Book Club, Women Club နှင့် ခရိုင်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက် ရေး ကြီးကြပ်မှု အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စာရေးဆရာ မောင်ခင်မင် (ဓနုဖြူ) ၏ အမွေခံ တစ်ယောက် အမွေပေးသူ တစ်ရာ စာအုပ်ဖြင့် ယနေ့ နေ့လယ် ၁ နာရီခန့်က စာဖတ်ဝိုင်း ကျင်းပ ခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့တွင် ပုံပြော၊ ကဗျာရွတ်ပြိုင်ပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့်နံရံကပ်စာစောင် ပြပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာနတွင် ကျောင်းသား/ကျောင်းသူများ အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်ရေးနှင့် ဘက်စုံဖွံ့ဖြိုး တိုးတက်စေရန်အတွက် အလယ်တန်းအဆင့် ပုံပြော၊ ကဗျာရွတ်ပြိုင်ပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင် ပြပွဲကို ဇူလိုင် (၂၀) ရက် မွန်းလွဲ (၁) နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
Subscribe to