ဆီဆိုင်မြို့နယ် နောင်လိတ်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေများ ပထမအကြိမ် ထုတ်ချေး

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်သည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေများ ပထမအကြိမ် ထုတ်ချေးပေးခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ကုန်းဆွတ်ကျေးရွာအုပ်စု၊  နောင်လိတ်ကျေးရွာခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၌ ကြွက်ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၌ ဇူလိုင်လ(၁၉)ရက်၊ နံနက်(၉)နာရီအချိန်က ဒေသခံတောင်သူ ဦးပါကြုံ၏ တောင်ယာစပါးစိုက်ခင်း၌ ကြွက်ကာကွယ် နှိမ်နင်းရေးလုပ်ငန်းများ ကွင်းသရုပ်ပြပွဲ စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြစ်သားမြို့နယ်တွင် နွားကူလေးကျေးရွာအနီ ပန်းလောင်မြစ်အတွင်းသို့ ငါးသားပေါက်ကောင်ရေ (၃)သိန်း ငါးမျိုးစိုက်ထည့်ပေးလျက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် နွားကူလေးကျေးရွာအုပ်စုရှိပန်းလောင်  မြစ်အတွင်းသို့ ငါးသားပေါက်ကောင်ရေ ( ၃ ) သိန်း ငါးမျိုးစိုက်ထည့်ပေးခြင်းကို ယမန်နေ့  နံနက် ( ၈ ) နာရီအချိန်က မန္တလေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၏  ကြီးကြပ်မှုဖြင့် ငါးမျိုးစိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။         

ကျောက်ဆည်မြို့နယ် အရှေ့သပြေသာကျေးရွာတွင် စိုက်ပျိုးထားသော နနွင်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် တောင်သူများအနေဖြင့် သီးနှံမျိုးစုံစိုက်ပျိုးကြရာ အရှေ့သပြေသာကျေးရွာ တောင်သူဦးအေးလွင်၏ မြေ(၃)ဧကတွင် စိုက်ပျိုး ထားသော နနွင်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်းနှင့် နနွင်းသီးနှံစိုက်ပျိုးမည် ဆိုပါက မြေကိုကောင်းစွာပြုပြင်ပြီး အကျယ်(၃)ပေ၊ အမြင့်(၁)ပေခွဲခန့် မြေဘောင်များပြုလုပ်ကာ တစ်ပင်နှင့်တစ်ပင်၊ တစ်တန်းနှင့်တစ်တန်း (၅) လက်မအကွာစိုက်ပျိုးကြောင်း၊ စိုက်ပျိုးရာတွင် နနွင်းခေါင်းမျိုးနှင့် အတက်မျိုးဟူ၍  အမျိုးမျိုးစိုက်ပျိုးကြောင်း စိုက်ပျိုးပြီးမြေအစိုဓာတ်မပြတ်စေရန် ရေသွင်းပေးရကြောင်း နနွင်း(၁)ဧက စိုက်ပျိုးမည်ဆိုပါက ကုန်ကျစရိတ်အနေဖြင့် ငွေကျပ်(၇)သိန်းခန့် ကုန်ကျကြောင်း သိရှိရသည်။

မြို့သစ်မြို့ ငရုတ်သီးစိမ်းစျေးကွက် ပြန်လည်ကျဆင်း

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် ငရုတ်စိုက်ပျိုးခြင်းကို မြေအောက်ရေဖြင့် တူးဖော်စိုက်ပျိုးရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ယခုရက်ပိုင်း ငရုတ်သီးစိမ်းစျေးများ ပြန်လည်ကျဆင်းလျက်ရှိကြောင်း ငရုတ်စိုက်တောင်သူတစ်ဦးထံမှ သိရသည်။
Subscribe to