သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကဗျာအတွေးအမြင် ရေးသားမှု ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ
သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club, Youth Club တို့ ပူးပေါင်းကျင်းပသည့် ကဗျာအတွေးအမြင် ရေးသားမှု ပြိုင်ပွဲဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အဆိုပါအဆောက်အဦရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်သည်။