ဇေယျာသီရိမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည့် အသက် ၁၀ နှစ်အထက် ကျောင်းသား၊ ကျောင်း သူ ၁၉၈ ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲအခမ်းအနား ကျင်းပ
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဇေယျာသီရိမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက် ဖြင့် နန်းဩကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက နန်းဩကျေးရွာ အုပ်ချုပ်ရေးမှူးနေအိမ်၌ ကျင်းပခဲ့သည်။