မန်တုံမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း၌ (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲဆောင်ရွက်

မန်တုံ ဇူလိုင် ၂၀

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ ယမန်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် အာဇာနည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မန်တုံမြို့နယ် အခြေခံပညာအထက်တန်းကျောင်း ရွှေလီခန်းမ၌ ယမန်နေ့က အာဇာနည်နေ့ ဟောပြောပွဲကို ပြုလုပ်ကျင်းပခဲ့သည်။

ရှေးဦးစွာ မန်တုံမြို့နယ် အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ချောချောက အာဇာနည်နေ့ပေါ်ပေါက်လာပုံ၊ အာဇာနည် ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိများ၊ အာဇာနည် ပုဂ္ဂိုလ်ကြီးများ၏ အာဇာနည်စိတ်ဓာတ်အကြောင်း၊ သူ့ကျွန်ဘဝမှ လွတ်မြောက်အောင်ကျိုးပမ်း ဆောင်ရွက်ခဲ့ကြသော အာဇာနည်ခေါင်းဆောင်ကြီးများအား ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် မှတ်မှတ်ထင်ထင် ရှိစေရန်နှင့် လေးစားအတုယူဖွယ် ကောင်းကြောင်း ဟောပြောခဲ့ပြီး အထက်တန်း၊ အလယ်တန်း၊ မူလတန်းပြ ဆရာ၊ ဆရာမ(၃)ဦးမှ အာဇာနည်နေ့နှင့်ပတ်သက်သည့် အကြောင်းအရာများအား အလှည့်ကျ ဟောပြောခဲ့သည်။ အဆိုပါ ဟောပြောပွဲ၌ အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်းနှင့်အလယ်တန်း ကျောင်းသူ၊ ကျောင်းသားများအား ဟောပြောခဲ့ကြောင်း သိရသည်။

ထို့နောက် အထက်တန်းဆင့်၊ အလယ်တန်းဆင့်၊ မူလတန်းဆင့် စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲများလည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မန်တုံ ပြန်/ဆက်