ကံမ ဇူလိုင် ၂၀
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးတင်မျိုးလတ်နှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ ပါဝင်သောအဖွဲ့သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့ နေ့လယ် (၁၀) နာရီက ကံမမြို့နယ် စီကျေးရွာအုပ်စု၊ ကွင်းအမှတ် (၈၉၂) ကွင်းသို့ရောက်ရှိပြီး နွေစပါးရိတ်သိမ်းခြင်းနှင့် မိုးစပါးစိုက်ပျိုးနိုင်ရေး ပြန်လည်ထွန်ယက်နေမှုများကို ကြည့်ရှုအားပေးပြီးနောက် စီကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်နေသော နွေစပါးဧက (၁၀၀၀) စီမံကိန်းအတွင်း ပါဝင်သည့် ဒေသခံတောင်သူများနှင့် တွေ့ဆုံခဲ့သည်။
အဆိုပါတွေ့ဆုံပွဲ၌ သရက်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးတင်မျိုးလတ်က ပြောကြားရာတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်နေသော နွေစပါးဧက (၁၀၀၀) စီမံကိန်းအတွင်းပါဝင်သည့် တောင်သူများအနေဖြင့် သွင်းအားစုများကို ညီညီညွတ်ညွတ် ဆောင်ရွက်ပေးရန်၊ ယခု လက်ရှိ စပါးမျိုးများအစား ဆာဖိုးသာမျိုးအား ပြောင်းလဲစိုက်ပျိုးသင့်ပြီး မဒေးဆည်ဧရိယာအတွင်း ပါဝင်သည့်အတွက် တစ်နှစ်လျှင် သုံးသီးစိုက်ပျိုးရန်၊ သုံးသီး စိုက်ပျိုးနိုင်ခြင်း မရှိပါက အနည်းဆုံး တစ်နှစ်လျှင်(၂)သီးအား သီးညပ်ထည့်၍ စိုက်ပျိုးရန်၊ စပါးစိုက်ပျိုးရာတွင် အထွက်နှုန်းကောင်းမွန်သည့် စိုက်ပျိုးနည်း စနစ်များကို အသုံးပြုရန်လိုအပ်ကြောင်း တောင်သူများ၏ လိုအပ်ချက်များကို အတတ်နိုင်ဆုံး ပံ့ပိုးကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်းရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူးက စိုက်ပျိုးပြီး လယ်ကွက်များအတွင်း သမန်းနှိုးကိရိယာဖြင့်နှိုးပြီး စိမ့်မြောင်း၊ ပတ်မြောင်းများ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးအုန်းဌေးက နွေစပါးဧက(၁၀၀၀) စီမံကိန်းနှင့်ပတ်သက်၍ သွင်းအားစုများ ပြန်လည်ပေးသွင်းနိုင်မှု အခြေအနေနှင့် ၂၀၂၃-၂၀၂၄ ခုနှစ် မိုးစပါးစိုက်ပျိုးပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကနှင့် အဖွဲ့သည် နွေစပါးဧက (၁၀၀၀) စီမံကိန်းအတွင်း ပါဝင်သည့် နွေစပါးရိတ်သိမ်းခြင်းနှင့် မိုးစပါးစိုက်ပျိုးနိုင်ရေး ဆောင်ရွက်နေကြသည့် စပါးစိုက်ခင်းများအား ကွင်းဆင်းကြည့်ရှုခဲ့ကြပြီး ဒေသခံတောင်သူများ၏ တင်ပြချက်များအပေါ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျော်ဇေယျဝင်း(ကံမ)