ပုသိမ်ကြီး ဇူလိုင် ၂၀
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ အထွေထွအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ယမန်နေ့နံနက် ၁၀နာရီက ပင့်သံဃာတော် အရှင်သူမြတ် တို့အား (၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ကျဆုံးလေပြီသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ကြီးများကို ရည်စူး၍ ဆွမ်းကပ်သာဓုအနု မောဒနာ ခေါ်ဆိုခဲ့ကြသည်။
ရှေးဦးစွာ သီရိမင်္ဂလာ သရက်တောကျောင်းတိုက်၊ ရွှေကြေးစည် ဆရာတော် ဘဒ္ဒန္တဥတ္တမထံမှ ငါးပါးသီလ ခံယူဆောက်တည်ပြီး၊ ဆရာတော်အရှင်သူမြတ်များထံမှ ပရိတ်တရားနာယူ ကြည်ညိုကြကာ၊ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆပ်ကပ်လှူဒါန်းခဲ့သည်။ ထို့နောက် ရွှေကြေးစည် ဆရာတော်ထံမှ ရေစက်ချတရား နာယူကြည်ညို ခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ ဒုတိယဗိုလ်မှူးကြီး ကျော်စွာဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးမြင့်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇာနည်ကိုကို