ပင်လုံ ဇူလိုင် ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန တို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ပင်လုံမြို့ အ.ထ.က(၁)ကျောင်း၌ ယနေ့နံနက် (၁၁)နာရီအချိန်က ကျင်းပဆောင်ရွက်ခဲ့ပါသည်။ ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အိမြတ်နိုးသူမှ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် အသိပညာ၊ အတတ်ပညာကို သင်ယူခြင်း၊ ခံယူခြင်း ခေါင်းစဉ်အောက်မှ သိရုံမျှအတတ်ပညာကို သင်ယူခြင်းခံယူခြင်း (Learning to know)၊ တတ်မြောက်စေရန် အတတ်ပညာကိုသင်ယူခံယူခြင်း (Learning to do)၊ အတူတကွရှင်သန်နေထိုင်ရေးအတွက် သင်ယူခံယူခြင်း (Learning to live together) နှင့် မိမိဘဝကိုအပြည့်အဝ ဖန်တီးနိုင်အောင်သင်ယူခံယူခြင်း ( Learning to be) အချက်(၄)ချက်ကို အသေးစိတ်ရှင်းလင်း ပြောကြားခဲ့ပါသည်။
ထို့နောက် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ နည်းပြ/နည်းစနစ်မှူး ဦးကောင်းထက်သာမှ အားကစားနည်းအမျိုးအစားများ၊ ကိုယ်လက်လှုပ်ရှား အားကစားများ ဆောင်ရွက်ခြင်းဖြင့် ရရှိလာနိုင်မည့် အကျိုးကျေးဇူးများ၊ အားကစားသင်တန်းများအကြောင်း၊ ယှဥ်ပြိုင်အားကစားနည်းများ၊ ရိုးရာအားကစားနည်းများ၊ အပန်းဖြေအားကစားနည်းများ၊ လူထုအားကစားနည်းများအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပါသည်။
အဆိုပါအခမ်းအနားကို တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် မူးယစ်ဆေးဝါးအန္တရာယ် လူငယ်ရေးရာ အသိပညာပေးနံရံကပ်စာစောင်များကို ပြသကာ ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ ဖြင့် ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)