၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး ကျေးရွာများသို့ ကွင်းဆင်းအသိပညာပေး
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှု ကော်မတီက ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး အတွက် ကျေးရွာများသို့ ကွင်းဆင်းအသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ်ပိုင်း က ဖောင်ရိုးဆိပ်ကျေးရွာ၊ အောင်ဇမ္ဗူပြည်လုံးချမ်းသာ ဓမ္မာရုံတွင် ပြုလုပ်ခဲ့သည်။