ကလိန်အောင်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ အာစရိယပူဇော်ပွဲ အခမ်းအနား ကျင်းပ
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့၊ အမှတ်(၃)ရပ်ကွက်၊ အခြေခံပညာ အထက်တန်းကျောင်းရှိ ပညာရတနာခန်းမ၌ ယမန်နေ့ မွန်းလွဲ (၂) နာရီက ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများမှ စုပေါင်း၍ အာစရိယ ပူဇော်ပွဲ အခမ်းအနား ကျင်းပကြောင်း သိရသည်။