ပျဉ်းမနားမြို့နယ်၌ ယာဉ်စည်းကမ်းလမ်းစည်းကမ်းအန္တရာယ် အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်တွင် ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ယာဉ်စည်းကမ်း လမ်းစည်းကမ်းအန္တရာယ်အသိပညာပေး ခြင်းလုပ်ငန်းဆောင်ရွက်မှု ယနေ့နံနက် ပိုင်းက မြို့နယ်အတွင်းရှိ လူစည်ကားရာနေရာများတွင် ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်တွင် ပဲတီစိမ်း၊ ပဲစင်းငုံနှင့် ပဲသီးနှံမျိုးစုံ(၂၀၄၇၈)ဧက စိုက်ပျိုးသွားမည်ဖြစ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဆန်စပါးကို အဓိကထား စိုက်ပျိုးပြီး ဒေသအတွင်း ပဲမျိုးစုံဖူလုံပိုလျှံရေးအတွက် ပဲတီစိမ်း၊ ပဲစင်ငုံနှင့် ပဲသီးနှံမျိုးစုံ တိုးချဲ့စိုက်ပျိုးလျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပဲသီးနှံမျိုးစုံ(၂၀၄၇၈)ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။

မဟာအောင်မြေမြို့နယ်၌ မိုးရာသီဘောလုံး(အခမဲ့)သင်တန်း ဖွင့်လှစ်သင်ကြား

မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ နိုင်ငံဂုဏ်ဆောင် အားကစားသမားများ ပေါ်ထွက်လာ‌‌စေရန် ရည်ရွယ်၍ ဘောလုံးသင်တန်းများကို (အခမဲ့) ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ကျိုင်းတုံမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများ  ရုံးလုပ်ငန်းများ ပိုမိုတတ်ကျွမ်း နားလည်လာစေရန်နှင့် လက်တွေ့အသုံးချမှုကျွမ်းကျင်တတ်မြောက်လာစေရန်ရည်ရွယ်၍ ယမန်နေ့ စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟုမ္မလင်းမြို့ ခုတင် (၁၀၀)ဆံ့ပြည်သူ့ဆေးရုံ၌ ဆေးဝါးကုသခံယူနေသူများအား ထောက်ပံ့ ငွေများနှင့် အာဟာရဒါနအဖြစ်ထမင်ဘူးများဝေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့ ခုတင်(၁၀၀) ဆံ့ပြည်သူ့ဆေးရုံ၌ ဆေးဝါးကုသခံ ယူနေသော လူနားများအား မြို့နယ်မိခင်နှင့်က လေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ဒုံစေ့နှင့် အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်းများနှင့်တာဝန်ရှိသူများကဇူလိုင်(၂၇)ရက်နေ့နံနက်ပိုင်းက သွားရောက် ကြည့်ရှုအားပေးခဲ့ကြကြောင်းသိရသည်။

အမ်းမြို့နယ် စျေးရပ်ကွက် မင်းကျောင်းကျောင်းတိုက် ပုရဝုဏ်အတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ် မင်းကျောင်းကျောင်းတိုက် ပုရဝုဏ်အတွင်း စုပေါင်းသန့်ရှင်းရေးကို ယနေ့နံနက်ပိုင်းက ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ စုပေါင်း၍ ဆောင်ရွက်ကြသည်။

မိုင်းပျဉ်းမြို့ အ.ထ.ကကျောင်းတွင် မြတ်ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် တတိယအကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲကို ယနေ့နံနက် ၁၀နာရီက အဆိုပါကျောင်းတွင် ကျင်းပဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ပုဂံကမ္ဘာ့အမွေအနှစ်ဒေသ ဆင်ဖြူရှင်ဘုန်းတော်ကြီးကျောင်းအစုအဝေးရှိ အုတ်ပြဿဒ်ကျောင်းကြီး၊ ဓမ္မသာလာဆောင်၊ ရေကန်နှင့်သီဟိုဋ်ပုံပုထိုးတို့အား လေ့လာဖူးမြှော်နိုင်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံကမ္ဘာ့အမွေအနှစ်ဒေသ ဆင်ဖြူရှင်ဘုန်းတော်ကြီးကျောင်းအစုအဝေးရှိ အုတ်ပြဿဒ်ကျောင်းကြီး၊ဓမ္မသာလာဆောင်၊ ရေကန်နှင့် သီဟိုဋ်ပုံပုထိုးတို့အား လေ့လာဖူးမြှော်နိုင်ကြောင်း သိရသည်။

တောင်ကုတ်မြို့နယ်၌ ပန်းခင်းစီမံချက်အဆင့်(၂)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်တွင် လူဝင်မှုကြီးကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ယမန်နေ့နံနက်က လမူးမော်ကျေးရွာရှိ အခြေခံပညာအထက်ကျောင်း၌ ကျောင်းသား၊ကျောင်းသူများ ပန်းခင်းစီမံချက်အဆင့်(၂)ဖြင့် နိုင်ငံသားစီစစ် ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းပြုလုပ်

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ရည်ရွယ်ချက်၌ ပြည်သူကိုမျက်နှာမူသော ပြည်သူ့ဝန်ဆောင်မှု အသိပညာပေး လုပ်ငန်းများ အကောင်းအထည်ဖော်ဆောင်ခြင်း၊ ဆောင်ပုဒ်(၃)ရပ်ဖြစ်သည့်၊ ပြန်ကြားပေးရန် (Information)၊ ပညာပေးစည်းရုံးလှုံ့ဆော်ရန် (Education)၊ ဖျော်ဖြေပေးရန် (Entertainment)၊နှင့် လုပ်ငန်းတာဝန်(၁၀)ရပ်တွင်ပါဝင်သည့် ပြည်သူများ အသိပညာ မြင့်မားရေးနှင့်ခရိုင်/မြို့နယ် ပြည်သူ့စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ စသည့်ဦးစီးဌာန၏ ရည်ရွယ်ချက်၊ ဆောင်ပုဒ်၊ လုပ်ငန်းတာဝန်များအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Subscribe to