ကျိုင်းတုံမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ လူငယ်နှင့် အကောင်းဆုံးသောဘဝကိုတည်ဆောက်ခြင်း ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ

ကျိုင်းတုံ ဇူလိုင် ၂၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာပေချစ်မြတ်နိုးသူများအသင်း(Book Club) အဖွဲ့၏ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းတွင် ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးနိုင်က ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးအနေဖြင့် လူငယ်၊ လူရွယ်များ၊ လူကြီးမိဘများအားလုံးပါဝင်ကာ စာအုပ်စာပေဖတ်ရှုခြင်းဖြင့် ဗဟုသုများရရှိစေရန်၊ စာဖတ်ခြင်းမှရရှိသည့် အကျိုးကျေးဇူးများသိရှိ၍ စာဖတ်ခြင်းတွင် ပျော်မွေ့စေရန် စသည့်ရည်ရွယ်ချက်များဖြင့် ယခုလို စာဖတ်ဝိုင်းများကို ကျောင်းသား၊ ကျောင်းသူများ၊ Book Club အဖွဲ့ဝင်များ၊ စာပေဝါသနာရှင်များနှင့်  ပြုလုပ်ပေးလျက်ရှိကြောင်း ပြောကြားသည်။

ဆက်လက်၍ ကျိုင်းတုံမြို့နယ် စာပေချစ်မြတ်နိုးသူများအသင်း(Book Club) အဖွဲ့ဝင်များက    စာရေးဆရာ ဒေါက်တာခင်မောင်ညို ရေးသားသည့် လူငယ်နှင့် အကောင်းဆုံးသော ဘဝကိုတည်ဆောက်ခြင်းစာအုပ်ပါ လူငယ်နှင့်အမှား၊ လူငယ်နှင့်အောင်မြင်ခြင်း၊ လူငယ်နှင့် စူးစမ်းစိတ်၊ လူငယ်နှင့်သဘာဝဘေးအန္တရာယ်၊ လူငယ်နှင့်တာဝန်သိမှု၊ လူငယ်နှင့်အလှအပ၊ လူငယ်နှင့်လူမှုရေးအတွေးများ၊ လူငယ်နှင့်ဒဿန စသည့်ခေါင်းစဉ်များဖြင့် အမြင်ရှုထောင့် အမျိုးမျိုးမှ အသီးသီးဆွေးနွေးကြရာ မြို့နယ်စာပေချစ်မြတ်နိုးသူများအသင်း(Book Club)ဥက္ကဋ္ဌ ဦးလှမြင့်က လူငယ်နှင့်အကာင်းဆုံးသောဘဝကို တည်ဆောက်ခြင်းခေါင်းစဉ်ဖြင့် နိဂုံးချုပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)